Part-5

568 32 0
                                    

'မြတ်တော်ဝင်' ပိုးထည်တိုက်......
ကြီးမေဖြစ်သူ၏ တစ်ချက်လွှတ်အမိန့်ဖြင့် ဘွဲ့ရပြီးကတည်းက ဤဆိုင်ကို ဦးစီးနေရသူ ဝတ်ရည်ကျော်
ယခုလည်းသူ့ကြီးမေက မန္တလေးကဆိုင်ခွဲတွေကိုသွားကြည့်ဖို့ ပြောတဲ့အတွက် သူ မန္တလေးမှာ သောင်တင်နေတာ သုံးရက်ရှိပြီ....
ဒါပေမယ့် ဒီနေ့တော့ သူ့အချစ်တော်ကြီးမေက ဒီမှာအလုပ်တွေပုံနေ
ပြီ ရန်ကုန်ကိုပြန်လာတော့လို့လည်းပြောရော..
သူ့မှာ ပျော်လိုက်တာဆိုတာလေ...ဘယ်လိုပျော်လို့ပျော်မှန်းမသိ....

ရန်ကုန်ရောက် ရောက်ချင်း ဆိုင်မသွားသေးဘူး...အိမ်ပြန်ပြီးတရေးတမောအိပ်ဦးမယ်..ပြီးတော့..ငါပြန်လာနေတာလည်းကြီးမေကိုမပြောရသေးဘူးဆိုတော့ ...ထွက်လာတာနောက်ကျသွားလို့ဆိုင်မလာနိုင်ပါဘူးဆိုပြီး ရွှီးလိုက်မယ်...ဟဲဟဲ
သူ့အတွေးနဲ့သူကတော့ ဟုတ်နေတာဘဲ....
ကားကို သူကိုယ်တိုင်မောင်းနေရင်း သီချင်းဖွင့်ထားကာ ကားပေါ်
မှာ သီချင်းလေးတညီးညီးဖြင့်.....

📲🎶🎶

'ဟာ...ကြီးမေလှမ်းphဆက်တာလားမသိပါဘူး'

phသံကြားတာနဲ့ ဝတ်ရည်ကျော်တစ်ယောက် ပျော်နေတဲ့အပျော်တွေပင် ပျောက်သွားသည်....
ဟုတ်တယ်လေ.... မိဘလည်းမရှိ ရည်းစားဆိုလည်းတစ်ကောင်
တစ်မြီးမှမရှိတဲ့သူ့ကို သစ္စာရှိရှိ အချိန်ပြည့်ခေါ်မယ့်သူသည် ကြီးမေ
တစ်ယောက်သာရှိသည်မဟုတ်ပါလား

ဝတ်ရည်ကျော်လည်း ခေါ်တဲ့သူကိုသိနေတာနဲ့ phကိုကြည့်မနေ
တော့ဘဲ တစ်ခါတည်း ကောက်ကိုင်လိုက်ပြီး....

'hello...ကြီးမေ...သမီး အခုထိ မန္တလေးကနေမထွက်လာရသေးဘူး သမီးနည်းနည်းနောက်ကျမယ်နော်...အဲ့ဒါလေ ဆိုင်ကိုသမီးမလာတော့ဘူးနော်'

တစ်ဖက်မှ phခေါ်တဲ့သူ့ကြီးမေက ဘာစကားမှမထွက်လာသေးခင် သူက အရင်ကြိုပိတ်ပြီးဆင်ခြေဆက်လက်တွေပြောလိုက်နိုင်တဲ့
အတွက် သူ့မျက်နှာမှာတော့ ကျေနပ်မှုအပြုံးကအထင်းသား....
:
အခုလိုစကားမျိုးကို သူ့ကြီးမေနဲ့ဝေးနေတဲ့အချိန်မှသာ သူသတ္တိရှိရှိပြောနိုင်တယ်.... ကျန်တဲ့အချိန်ဆို ကြီးမေက ငါ့ကိုဆင်ခြေတွေ
ဒီလောက်ပေးရသလားဆိုပြီး သူ့ခေါင်းကိုမနာ နာအောင်ခေါက်
မည်မှာ ကျိန်းသေသည်....

"သူ" သာလျှင်.....💘Where stories live. Discover now