Part-11

540 26 0
                                    

ဒီရက်ပိုင်းတွေမှာ နေမင်းမဟာ ရဲ့ ရင်ထဲ မတင်မကျဖြစ်နေတယ်....
သူ့အမေမွေးနေ့တုန်းက ပန်းဆိုင်မှာ တွေ့တဲ့ကောင်လေးအကြောင်းစဉ်းစားမိလေလေ....သူ့ရင်ထဲဘဝင်မကျလေလေ....
ဒီကောင်လေးက သူ့ကိုသိပြီး သူက ဒီကောင်လေးကို မသိနေတာအရမ်းကိုထူးဆန်းဖို့ကောင်းတယ်.....ဒါပေမယ့် သူ ဒီကောင်လေးကိုမြင်ရင် တမျိုးကြီးခံစားနေရတာတော့အမှန်ပင်...သို့သော် သူ ဒါကို ဘလိုခံစားမှုမျိုးရယ်လို့တော့ တိတိကျကျ မပြောတတ်ပြန်ဘူး....သူ့နာမည်ကိုတောင် ကောင်လေးကသိပြီး အရင်တုန်းကသူနဲ့သိခဲ့သလိုမျိုးပုံစံဖြစ်နေပေမယ့် သူကတော့ ကောင်လေးနာမည်ကိုတောင် မသိဘူး..
နာမည်!!!
ဟုတ်သား...သူဒီကောင်လေးနာမည်ကို မသိဘူးဘဲ....
ကောင်လေးနာမည်ကို ဦးလေးသန်းရှိန်ကတော့ သိလောက်မယ်ထင်တယ်.....ဦးလေးသန်းရှိန်ကိုမေးလိုက်ရင် တစ်ခါတည်းနဲ့ အဲ့ကောင်လေးအကြောင်းတွေကိုသိနိုင်တယ်...ဒါပေမယ့် အဲ့လိုမေးဖို့ကလည်းမဖြစ်သေးပါဘူး....ဦးလေးက ငါ့ကိုတမျိုးထင်သွားနိုင်တယ်...

နေပါဦး....ငါ အဲ့ကောင်လေးအတွက်နဲ့ ဒီလိုပေါက်ကရအတွေးတွေတွေးနေတာလား....နေမင်းမဟာ.... မင်းကိုယ်မင်း အသိစိတ်လေးဘာလေးပြန်ကပ်စမ်ပါဦး....

စားပွဲပေါ်မှာထိုင်ရင်းcompanyကဖိုင်တွေကိုကြည့်နေပေမယ့် အတွေးတွေကတော့ တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြင့်..

📲🎶🎶

ဟင်~~~အမေဆက်တာဘဲ.... ဘာဖြစ်လို့ပါလိမ့်

နေမင်းမဟာ phကို ကပျာကယာကိုင်လိုက်ပြီး

'hello...မေမေ'

'သား.....သားဦးလေးသန်းရှိန်လေ နေပူထဲကပြန်လာပြီး ရေချိုးလိုက်လို့ထင်တယ်...အခုဖျားနေပြီ...'

'ဟုတ်လား...ဦးလေးက ဆေးခန်းရောသွားပြပြီးပြီလား'

'အစကမပြဘူးပြောနေတာ...အဲ့တာအမေအတင်းသွားခိုင်းလို့် ခုနလေးတင်ဘဲ ဆေးခန်းကိုသွားတယ်..ကြီးမြင့်လည်းပါသွားတယ်သားရေ'

'aww..အဲ့တာဆိုရင်တော့မြန်မြန်သက်သာမှာပါ'

'အင်း. ..အဲ့တာ သားဒီနေ့တော့ ကိုယ့်ဘာသာကိုယ်ဘဲ ပြန်လာလိုက်တော့နော်'

"သူ" သာလျှင်.....💘Where stories live. Discover now