Prologue

639 25 1
                                    

[Beam POV]

ကျတော် ကျောင်းစဖွင့်တာ အခုဆို ၃လတောင်ရှိနေပြီ သူငယ်ချင်းလဲတယောက်မှမရှိ နေ့တိုင်း တစ်ယောက်တည်းဘဲ ။ သူငယ်ချင်းမရှိဆို တယောက်မှ ကျတော်နဲ့သူငယ်ချင်းဖြစ်ဖို့ မကြိုးစားသလို ကျတော်ကလည်း သူငယ်ချင်းဖြစ်အောင် ခင်မင်အောင်လုပ်တဲ့နေရာမှာလဲ မတော်ဘူး။ တချို့သူတွေက လူတယောက်ရဲ့ အသွင်အပြင်ကိုကြည့်ပီးတော့ ပေါင်းသင်းဆက်ဆံဖို့ လုပ်တယ်။ ကျတော်လဲ အဲ့လိုအကြည့်ခံရတဲ့ သူတွေထဲတယောက်ပေါ့ ။ ဘာလို့ဆို ကျတော်က ဝတ်ပုံစားပုံက ရိုးရိုးသာမာန် ကြည့်ကောင်းတဲ့အထဲလဲ မပါ နာမည်ကြီးလဲ မဟုတ် မျက်မှန်နဲ့ ဆိုတော့ သူတို့အထင် နဲနဲ ကြောင်တဲ့ပုံပေါက်တယ်ထင်တယ်။ ဒါကလဲ ဖြစ်နေကျဆိုတော့ မထူးဆန်းတော့ပါဘူး။

ကျောင်းကန်တင်း မှာ တယောက်တည်း စာအုပ်ဖတ်ပြီးနေ့လည်စာ စားနေတုန်း ဘယ်ကလဲ မသိတဲ့ လူတစ်စုရောက်လာပြီး ကျတော်ထိုင်နေတဲ့ နေရာကိုဖယ်ပေးဖို့ ကြမ်းကြမ်းတမ်းတမ်းပြောတယ်။

"ဟေ့....လေးလုံး.....ငါတို့ ဒီမှာထိုင်ချင်တယ် ဖယ်ပေး.."

လန့်ဖျန့်ပြီး ပစ္စည်းတွေကို သိမ်းပြီး သွား ဖို့ကြိုးစားနေတုန်း လူစုထဲက တယောက်က

"ဘာလို့နှေးနှေးကွေးကွေးလုပ်နေတာလဲ"
ဆို ပြီး ပစ္စည်းတွေကို ယူပြီးလွှင့်ပစ်လိုက်တယ်

"မင်းဘာလုပ်တာလဲ.... "

ကျတော့ နောက်နားက တယောက်ယောက်ပြောတာ ကြားလို့ လှည့်ကြည့်လိုက်တော့ အရပ်ရှည်ရှည်ခန့်ခန့်နဲ့လူတစ်ယောက်က ကျတော့ပစ္စည်းတွေကိုလွှင့်ပစ်လိုက်တဲ့ လူကို စိတ်ဆိုးမာန်ဆိုးနဲ့ ကြည့်နေတာတွေ့တယ်။ သု့ကိုကျတော်သိတာပေါ့ သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာကြောင့်ကျောင်းမှာ နာမည်ကြီးနေတဲ့ Phana Kongthanin။ သူကဘာလို့ဒီမှာရှိနေရတာလဲ။ ဘာလို့လဲ သူကျတော့ကို ဟိုလူတွေ လက်ကကယ်လိုက်တယ်။

"မင်း ကိစ္စ မဟုတ်ဘူး..."

"စားပွဲမှာ ထိုင်ဖို့အတွက် ကိစ္စ လောက်လေးနဲ့ပြောတာဆို အဲ့လောက်ကြမ်းကြမ်းတမ်းတမ်းပြောဖို့မလိုပါဘူး ဒါပေမယ့် မင်းလိုမျိုး ဘာမဟုတ်တဲ့ကောင်နဲ့ပြိုင်ပြီး ရန်ဖြစ်ရတာ ငါ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေဖြုန်းသလိုဖြစ်တယ်"

Phana က ပစ္စည်းတွေကိုကူကောက်ပြီး ကျတော့ကိုထဖို့ ကူရင်း ပြုံးပြီးပြောလာတာက

"လာ...ငါတို့နဲ့လာထိုင်"

"ဟုတ်တယ်...လာ ငါတို့နဲ့အတူလာထိုင်လို့ရတယ်"လို့ပြောလာတဲ့ Phana ဘေးနားမှာရှိနေတဲ့ ချစ်စရာကောင်းတဲ့ ပါးချိုင့် လေးမဲ့သူက Kit တဲ့။

ကျတော်လဲ ခေါင်းငိုက်စိုက်ပြီးတော့

"ငါ့..ငါ့ကိုကူညီတဲ့အတွက်ကျေးဇူးပါနော်"

ဘာလို့လဲဆိုတော့ သူတို့မျက်မှာကို မကြည့်ရဲဘူးလေ။

"ရပါတယ် ဒါနဲ့မင်းက Beam ..ဟုတ်တယ်မလား"

အမ်...သူတို့ ငါ့နာမည် ဘယ်လိုသိနေပါလိမ့်။

"ငါတို့က အတန်းအတူတူဘဲလေ မင်းသတိမထားမိတာဖြစ်လိမ့်မယ်"

အင်း..ဘယ်လို မသိဘဲနေပါမလဲ မင်းတို့က အရမ်းနာမည်ကြီးတာ အထူးသဖြင့် မိန်းကလေးတွေကြားမှာ နာမည်ကြီးတာကို သိတာပေါ့လို့။ သူတို့ ကျတော့ကိုသိနေဖို့လဲ မမျော်လင့်မိပါဘူး။ ကျတော့က တခြားသူတွေရဲ့ စိတ်ကိုလွမ်းမိုးနိုင်တဲ့ သူမဟုတ်လို့လေ။

"ငါက Phana"

"ပြီးတော့ ငါက Kit"

အဲ့ဒီ နေ့ကနေစလို့ သူငယ်ချင်းဖြစ်လာပြီး အမြဲတမ်း တပူးပူးတတွဲတွဲနဲ့ အဲ့တာကိုဘဲ တချို့သူတွေက ဘယ်လိုမျိုး သူငယ်ချင်း ဖြစ်လာလံ ဆိုပြီး အံသြနေကြတယ်။ ရန်သူများလာဖို့အစချီလိုက်သလိုဘဲ တချို့က တော့ ကျတော့ကိုမုန်းတယ်လေ ဘာလို့ဆို့ Phana နဲ့ Kit ရဲ့ ဓာတ်ပုံတွေမှာ ကျတော့ ပါပါနေလို့လေ။ Phanaနဲ့ Kit ကတော့အဲ့လိုလူတွေကို ဂရုစိုက်နေစရာမလိုဘူး တဲ့ အဲ့လိုကနေ သူတို့နဲ့အရှိကိုအရှိတိုင်းနေရင်းနဲ့ ကို အရင်းနီးဆုံးတွေသူငယ်ချင်းတွေဖြစ်လာတော့တယ်။

***********************

Our Secret (Myanmar Translation)Wo Geschichten leben. Entdecke jetzt