Ch 1

268 23 2
                                    


[Beam Pov]

ကျတော့တို့ လက်ထပ်ခဲ့တာ အခုဆိုရင် တစ်နှစ်တောင်ရှိပြီ။ အထက်တန်းကျောင်းပြီး တော့ လက်ထပ်ခဲ့ကြတယ်။ ပြီးတော့လဲ အချင်းချင်း နှစ်သက် သဘောကျလို့ လက်ထပ်ခဲ့ကြတာလဲ မဟုတ်ဘူး မိဘတွေက စီစဉ်ပေးပြီး ပွဲ ဖြစ်မြောက်ခဲ့တာလေ။ သူ့ အဖွားရဲ့ တွန်းအား ပေးတာခံရတာကြောင့်လဲ ပါတယ်။ သူ့ရဲ့ ဆန္ဒ ကိုဖြည့်ဆည်းပေးဖို့ အတွက်ပေါ့။

Flash Black
*************

ဘယ်လိုစခဲ့လဲဆိုတော့ ....

တစ်နေ့ သူအဖွားက အသည်းအသန် ဖြစ်ပြီးဆေးရုံ ရောက်နေတုန်း Forth နဲ့ သူ့မိဘတွေရယ် ကျတော့မိဘတွေနဲ့ ကျတော့ ကိုရော ဆေးရုံကိုလာခဲ့ဖို့ပြောတယ်။

" Beam..မနက်ဖြန် ဆေးရုံမှာ လူနာသွားမေးဖို့ ရှိတယ် "

"ဘယ်သူလဲ? "

"မင်းအဖွားရဲ့ သူငယ်ချင်းလေ သူတော်တော်နေမကောင်းလို့ အဲ့တာကြောင့် လူနာသွားမေးမလို့ အမေတို့နဲ့လိုက်ခဲ့.. ok လား"

"Ok mom"
..............
နောက်တနေ့ ဆေးရုံက လူနာသီးသန့်ခန်းထဲ ဝင်လိုက်တော့ စုံတွဲ တစ်တွဲ ရယ် ခပ်ငယ်ငယ် ရုပ်ဖြောင့်ဖြောင့်လူငယ်တစ်ယောက်ရယ် တွေ့တယ်။

"ငါ့မှာ အချိန်အများကြီးမကျန်တော့ဘူးအဲ့တော့ ငါ့ရဲ့ နောက်ဆုံး ဆန္ဒ က ငါ့မြေးလေး ကိုလက်ထပ်ပေးခဲ့ချင်တယ်။ Forth အဖွားက မြေး လက်ထပ်တာကိုမြင်ချင်တာ ဒီတော့ အဖွားရဲ့ ဆန္ဒ လေးဖြစ်အောင် ဖြည့်ဆည်း ပေးပါ"

Forth ဆို အဖွားပြောလိုက်တဲ့စကားကြားပြီး အထိတ်တလန့် တောင် ဖြစ်သွားတာ တွေ့ လိုက်ရတယ်။

"ဟမ်?..ဖွားဘာတွေပြောနေတာလဲ ကျတော်ကလက်ထပ်ရမယ်။ ကျတော်အခုမှ ငယ်ငယ်လေးရှိသေးတယ်။ အောင်မြင်မှု တွေရဖို့ လုပ်စရာတွေလဲ အများကြီးရှိသေးတယ်။ ဒါနဲ့ ဘယ်သူနဲ့လဲ ကျတော့်မှာ ဘယ်သူမှလဲမရှိဘူးပြီးတော့ လမ်းပေါ်က မိန်းမတယောက်ယောက်ကိုလဲ ခေါ်ပြီးလက်မထပ်နိုင်ဘူး"

"အဲ့ဒါ ကြောင့်ဘဲ မင်းနဲ့သင့်တော်မယ့် သူကိုရှာတွေ့ပြီးသားလေ "

"ဘယ်သူလဲ.. "

"Beam.."

"ဘာ.."
ကျတော် နဲ့ Forth သတိလက်လွတ်နဲ့ကို အော်မိတယ်။ ဘာလို့ဆို တုန်လှုပ်သွားတာ ကိုး။

Our Secret (Myanmar Translation)Where stories live. Discover now