Episode 1

2.1K 82 14
                                    

'Haechan ahh ငါ သဘောကျတဲ့သူ တွေ့ပြီထင်တယ်။'

ကျောင်းကန်တင်း စားသောက်ဆိုင်တစ်ခုရဲ့ အတွင်းဘက် ထောင့်ကျတဲ့ စားပွဲတစ်ခုမှာ ထိုင်နေကြသော ကောင်လေးနှစ်ယောက်ထဲက Haechan ဆိုသူ ကောင်လေးကို ကျန်ကောင်လေးတစ်ယောက်က ပြောလေသည်။

'အမလေး သဘောကျတာများ အဆန်းမှတ်လို့။ မင်းသဘောကျတဲ့သူက အရင်တည်းက အများကြီး မဟုတ်တာကျလို့"

Haechan ဆိုတဲ့ ကောင်လေးကလည်း သူ့သူငယ်ချင်း ကောင်လေးစကားကို ပက်ခနဲ ပြန်လည်ချေပလိုက်သည်။

' ငါ အခု H1က စီနီယာNa ကို သဘောကျနေမိတယ်'

သူငယ်ချင်း ကောင်လေးက ခုနက ပြောသည့် အသံထက် တိုးသွားတဲ့ လေသံနဲ့ ပြန်လည် ပြောလေသည်။

' နေဦး မင်းအခု ယောကျာ်းလေးကို သဘော ကျတာ'

Haechan ဆိုသူ ကောင်လေးလည်း သူ့သူငယ်ချင်း ပြောစကားကြောင့် လက်ထဲ အသုံးပြုလက်စ ဖုန်းကိုတောင် ပိတ်ပစ်လိုက်ပြီး သူ့သူငယ်ချင်းကို စိုက်ကြည့်လာကာ မေးလေသည်။

'စီနီယာNaပါဆိုကွာ မင်းကလည်း ယောကျာ်းလေးပေါ့'

ကောင်လေးကလည်း အအေးခွက်က အအေးတစ်ငုံ သောက်လိုက်ရင်း ပြောလိုက်သည်။

'အမယ် နောက်ဆုံးတော့ ငါ့သူငယ်ချင်းက ဟဲ ဟဲ'

သူငယ်ချင်းဖြစ်သူက အလေးအနက် ပုံစံပြောလာတော့ Haechan နည်းနည်းတော့ ထူးဆန်းမိသည်။

'ဟဲ ဟဲ မလုပ်နဲ့ဦးကွ ဒီတစ်ခါက အရင်က သဘောကျခဲ့တဲ့သူတွေလို ခံစားချက်မျိုး မဟုတ်ဘူး'

ကောင်လေးကလည်း သူတကယ် စိတ်ရင်းနဲ့အလေးအနက်ထားကာ သဘောကျကြောင်းကိုပြောပြန်သည်။

'ဟျောင့် မင်း တကယ်ကြီး သဘောကျနေတာလား'

Haechan လည်း သေချာအောင် ထပ်မေးလိုက်ပြန်သည်။

'တကယ် သဘောကျနေတာပါဆို။ Wtf မင်းကို တိုးတိုးတိတ်တိတ် တိုင်ပင်မလို့ပါဆို အော်မေးနေရလားလို့။'

ကောင်လေးလည်း စိတ်မရှည်ဘဲ ပြန်အော်ပြောလာသည်။

'ဟားး အေးပါကွာ။ ကောက်ကြောင်းတွေ စုံပြီး မာယာလှသွေးကြွယ်တဲ့ မိန်းကလေးတွေ
ထက် စီနီယာက မင်းနှလုံးသားကို တည်ငြိမ်အောင် လုပ်ပေးတော့မယ် ထင်တယ်။'

Sunbae [JaemRen]Where stories live. Discover now