Chapter ( 2 )

11.9K 718 4
                                    

Unicode

************

Ring Ring Ring

Messenger မှ Video Call ခေါ်သံ ။ ထိုအသံကို ကြားသည်နှင့် ဧကရဲ့ စူးစူးရဲရဲ အကြည့်က မုတ်သုံထံကို ဆိုက်ရောက်လာသည်။

ဘယ်သူ့ဆီကလည်းဆိုတာ မုတ်သုံ သိနေပြီမို့ ဖုန်းကို ဖွင့်ကိုင်လိုက်သည်။ ထိုသူ Video Call ခေါ်နိုင်ဖို့အတွက် မုတ်သုံ အမြဲတမ်း ဖုန်း Internet Dataကို အမြဲတမ်းဖွင့်ထားရသည်။

Phone Screen တွင်ပေါ်လာသည့် သန့်ရှင်းတည်ကြည်သည့် မျက်နှာပိုင်ရှင်က မုတ်သုံကို မြင်လိုက်တာနှင့် နှစ်လိုစွာ ပြုံးပြသည်။ မုတ်သုံဘေးတွင် ရှိနေသော ဧကကို မြင်သွားတော့လည်း အသိအမှတ်ပြုကာ ပြုံးပြသည်။ ဧက က ပြန်လည် ပြုံးပြလိုက်သော်လည်း မနှစ်မြိုဘူးဆိုတာ မုတ်သုံ သိနေသည်။

ဧကတောင် မုတ်သုံနှင့် ပတ်သက်လို့ ဝန်တိုခြင်းတစ်ချို့ ခံစားတတ်ခဲ့ပြီလား။ မုတ်သုံရဲ့ နှလုံးသားနှင့် အချိန်တစ်ချို့ ပေးဆပ်ခဲ့ရသည်နှင့် တန်ပါသည်လေ။

''ဦးမာန် ဖုန်းခေါ်ချိန် ဒီတစ်ခါလည်း တိကျတယ်ဗျာ.. ''

မုတ်သုံ ထိုသို့ပြောတော့ တစ်ဖက် ဖုန်းမျက်နှာပြင်မှ ဦးမာန်ခေါ် မာန်ပြေက ပြုံးသည်။ အတူတူရှိနေချိန်မှလွဲ၍ မာန်ပြေက မုတ်သုံကို အချိန်မှန်ဖုန်းခေါ်နေကြ ။

'' ထမင်းစားနေတာလား ကလေး.. ဆိုင်က လူတွေ များလိုက်တာ .. ''

အနောက်တွင် မြင်ရသော များပြားလှသည့် လူများကို ကြည့်ကာ မာန်ပြေမေးသည်။ မုတ်သုံ ခေါင်းငြိမ့်ပြလိုက်သည်။

'' ဟုတ်တယ် . ကျွန်တော် တစ်ခါ ပြောဖူးတဲ့ အာနန္ဒာ ဘုရားနားက ဟင်းကို ပွဲနဲ့ မဟုတ်ဘဲ အတုံးနဲ့ ရောင်းတဲ့ဆိုင်လေ.. ''

'' အာ. ဟုတ်ပြီ.. မန်ကျည်းရွက်သုတ် ကောင်းတယ်ဆိုတဲ့ ဆိုင်..ကောင်းလားကလေး မန်ကျည်းရွက်သုတ်က ''

'' ကောင်းတယ် .. အရမ်းကောင်းတာဘဲ .. တခြား ဟင်းတွေတောင်မလိုဘူး.. မန်ကျည်းရွက်သုတ်နဲ့ ထမင်းနဲ့တင် သုံးပန်းကန်လောက် ဝင်နေပြီ.. ဦးမာန်ဆို တော်တော်ကြိုက်မှာ.. ''

မျက်တော်ပြေWhere stories live. Discover now