Chapter ( 4 )

20.9K 868 186
                                    

Unicode

**********

'' ဘေးအခန်းက အစ်ကိုလေးက မနက်အစောကြီးဘဲ Check Out လုပ်သွားပါတယ် ခင်ဗျ.. မနက်လေယာဉ်လက်မှတ်တောင် ကျွန်တော်တို့ ဝယ်ပေးလိုက်ရပါတယ် ''

Reception မှ ဝန်ထမ်းပြောစကားကြောင့် မုတ်သုံ အံ့သြသွားမိသည်။ တစ်ဆက်တည်း တုန်လှုပ်သွားတယ်ဆိုတာကိုလည်း ဝန်ခံရမည် ။

ဧက ဘာကြောင့် ချက်ချင်းကြီး ပြန်သွားခဲ့ရသနည်း ။ လုပ်သင့်လုပ်ထိုက်သော အရာကို လုပ်သွားခဲ့သည်မှန်သော်လည်း မုတ်သုံ နားမလည်နိုင်ဖြစ်နေရသည်။

'' အစ်ကိုလေးကို စာတစ်စောင်ပေးခဲ့တယ် ခင်ဗျ''

ဘာကြောင့်ရယ် မသိ တုန်လှုပ်နေသဖြင့် မုတ်သုံ ဝန်ထမ်းပေးသော စာအိတ်အညိုလေးကို လှမ်းမယူရဲ ။ စာထဲတွင်ပါသော အကြောင်းအရာကို မဖတ်ရဲ ၊ မသိချင်ရဲ ဖြစ်နေသည်။

ဘာဖြစ်လို့လဲဆိုတော့ ထိုစာအိတ်ထဲက စာကို ဖတ်လိုက်မိပါက မုတ်သုံ ဧကထံတွင် ထပ်မံကျရှုံးဦးမည်ဆိုတာ မုတ်သုံသိနေသည်။ မည်သို့သော အကြောင်းအရာပါဝင်နေပါစေ မုတ်သုံ သေချာပေါက်ကို ကျရှုံး ဦးမှာဖြစ်သည်။

မုတ်သုံ၏ အနောက်တွင်ရပ်နေသော ဦးမာန်က မုတ်သုံအစား ထိုစာအိတ်ကို လှမ်းယူလိုက်ရသည်။ စာအိတ်တွင် မုတ်သုံ ဟူသော နာမည်သာ ရေးထားသည်။

ဦးမာန်က ထိုစာအိတ်ကို မုတ်သုံကို လှမ်းပေးရင်း

'' မဖတ်ဘူးလား ကလေး ''

'' ဟင်အင်း .. မဖတ်ဘူး ဦးမာန် လွှင့်ပစ်လိုက်တော့ ''

နီရဲနေပြီဖြစ်သော မျက်လုံးများကို ဦးမာန်မမြင်အောင် ဖုံးကွယ်ရင်း လှည့်ထွက်လာခဲ့သည်။ ဦးမာန်ကို အားနာသော်ငြား မုတ်သုံ ဧက မရှိတော့ဘူးဆိုသည်နှင့် တင်းထားသော စိတ်တွေ လွှတ်ချမိလိုက်မိသည်ထင်သည်။

ဖြစ်သင့်ဖြစ်ထိုက်တာကိုသာ ရွေးချယ်ဖို့ ကြိုးစားနေသည်မို့ ဦးမာန်နားလည်ပေးနိုင်မည် ထင်ပါသည်။

***************************************************************************

'' ကလေး ''

'' ဟင်''

မျက်တော်ပြေWhere stories live. Discover now