Chapter ( 3 )

11.1K 690 6
                                    

Unicode

************

ထောင်ထားသော E Bike ဘေးတွင် လက်ပိုက်လျက် ခပ်မိုက်မိုက် စတိုင်လ်ဖြင့် မတ်တပ်ရပ်နေသော ဧက ။ မုတ်သုံကို မြင်သည်နှင့် ဘေးတွင်ရပ်ထားသည့် E Bike နောက်တစ်စီးကို မေးငေါ့ပြသည်။

မုတ်သုံ စိတ်ညစ်သွားရပြန်ပြီ ။ ဧက တစ်ယောက် ဘာဖြစ်ချင်နေသေးမှန်းမသိ ။ မသိရင် မနေ့က ဘာမှမဖြစ်ခဲ့သလိုမျိုး ။

မုတ်သုံ ညောင်လက်ဖက်မှ ပြန်ပြီးနောက် ဒီထက်ပို၍ ဧကနှင့် ပက်သတ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိလိုက်ရသည်။ ထို့ကြောင့် ဟိုတယ် အခန်းသက်သက် ပြောင်းခဲ့သည်။ ကျန်နေသေးသည့် ပုဂံနေ့ရက်များကို အရင်ကတည်းက စီစဉ်ထားသည့်အတိုင်း တစ်ယောက်တည်း E Bike ဖြင့် သွားဖို့ စဉ်းစားထားခဲ့တာ ။

လွတ်အောင်ပြေးပါသည်ဆိုမှ လိုက်ခေါ်ချင်နေတာလား တမင်ကို စိတ်အနှောင့်အယှက်ပေးချင်တာလား မသိ ။ ဒီတစ်ခါတော့ မုတ်သုံ တည်ငြိမ်အောင်လည်း ကြိုးစားပြမနေနိုင်တော့ပါ ။ မနှစ်မြိုခြင်းကို သိသိသာသာ ထုတ်ပြကာ ခပ်ဆတ်ဆတ်ပြောမိသည်။

'' မင်း ဘာဖြစ်ချင်ပြန်ပြီလဲ ဧက .. ငါ့ဘာသာငါ တစ်ယောက်တည်း နေလို့မရဘူးလား ''

'' ပုဂံလာတာ မင်းနဲ့ ငါနဲ့ နှစ်ယောက်တည်းကို တစ်ယောက် တစ်မျိုးစီနဲ့ သွားကြတာ မကောင်းဘူးလေကွာ .. ''

'' မင်းနဲ့ ငါ လာကတည်းက သက်သက်စီလာတာ ဧက .. အဲ့တော့ သက်သက်စီသွားတာဘဲ ကောင်းတယ် .. ငါမင်းနဲ့လည်း မသွားချင်ဘူး စိတ်အနှောင့်အယှက်ဖြစ်တယ် ''

မျက်နှာကို တည်နိုင်သမျှ တည်အောင် ကြိုးစား၊ လေသံကို တင်းမာနိုင်သမျှ တင်းမာနေအောင် ကြိုးစား ကာ မုတ်သုံပြောလိုက်သည်။ ဧက မျက်နှာပျက်သွားသည်။

ထိုအချိန်မှာပင် ဧကရဲ့ ဖုန်းမြည်သံကို ကြားလိုက်ရသည်။ ဧက ကဖုန်းကို ထုတ်ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်ဟန်ဖြင့် မကိုင်ဘဲ အသံပိတ်ပစ်လိုက်သည်။ ဖုန်းကို စက်ပိတ်ပစ်လိုက်သည်။

ထို့နောက် ဧက မုတ်သုံကို ပြန်ကြည့်လာသည်။

'' ငါ မင်းနဲ့ သွားချင်တာ မုတ်သုံ ကျေးဇူးပြုပြီးတော့ပေါ့ ဒီနေ့တစ်နေ့ကုန်သွားလို့မှ မင်းငါ့မျက်နှာကို လုံးဝမကြည့်နိုင်တော့ဘူးဆိုရင် ငါ ချက်ချင်းပြန်မယ် ''

မျက်တော်ပြေWhere stories live. Discover now