Part 2

1.5K 145 23
                                    

Unicode

(Happy Birthday To You
Happy Birthday To You
Happy Birthday dear Perth, Happy Birthday To You)

မိသားစုတွေ ဝိုင်းထားသည့်ကြားမှ ကုလားထိုင်ပေါ် မတ်တပ်ရပ်နေသည့် မွေးနေ့ရှင် ကလေးလေးက မျက်နှာကတော့ ဆူပုတ်ပုတ်နဲ့။ Birthday song ဆိုပြီးတာတောင် ဖယောင်းတိုင်မမှုတ်သေးပဲ သူ့ရှေ့တည့်တည့်က ၁လသား ကလေးလေးကို ကြည့်နေသည်။

"မီးမှုတ်တော့လေ သား"

"ဟွန်း"

သူ့အမေက ဖယောင်းတိုင် မီးမှုတ်ဖို့ ပြောတာတောင် အာရုံမရပဲ ပါးစပ်ထဲ လက်မထည့်စုပ်နေသည့် ညီလေးကိုသာ စိုက်ကြည့်ပြီး နှာတစ်ချက်မှုတ်ကာ အလိုမကျဟန်ကိုပြသည်။

"ဘာလို့လဲ သားရဲ့"

"ညီ​ရေးက ဘာရို့ တားမွေးနေ့တချင်း လိုက်မချိုတာရဲ"

ဆူပုတ်ပုတ် မျက်နှာပေးနှင့် သူ့အဒေါ်လက်ထဲက အနှီးထုပ် ကလေးလေးကို လက်ညှိုးထိုးပြီး ပြောတော့ လူကြီးတွေ ရယ်ရပြန်ပြီ။

"သားကလည်း ညီလေးက စကားမှ မပြောတတ်သေးတာ... နောက်နှစ်တွေဆို သူလိုက်ဆိုမှာပေါ့"

"အဲ့ဒါချိုရဲ ပြီးရာပဲ... ဖူး!"

"ရော့ သားအတွက် မွေးနေ့ လက်ဆောင်"

အဖိုးနှစ်ယောက် အဖွားနှစ်ယောက် အဖေနဲ့အမေ အဒေါ်နဲ့ဦးလေး အပြင် အိမ်က အလုပ်သမားတွေက ကိုယ်စီလက်ဆောင်တွေ ပေးကြပေမယ့် သူလိုချင်တဲ့ လက်ဆောင်ပါ မလာသေးတာကြောင့် စိတ်တိုင်းမကျနိုင်သေးပေ။

"တီတီ"

"ပြောပါရှင်"

"တားအတွက် မွေးနေ့ရက်​ချောင်"

"ပေးပြီးပြီလေ ဒီမှာ ဂီတာလေးနဲ့မိုက်ခရိုဖုန်းလေးလေ"

"No no တား အဲ့ဒါ မရိုရှင်ဝူး"

"ဒါဆို သားက ဘာလိုချင်လို့လဲ... ထပ်ဝယ်ပေးရမှာပေါ့"

"အဲ့ဒါ အဲ့ဒါ"

ခါးလေးကိုထောက် လက်ညှိုးတစ်ချောင်းထိုးပြီး မေးစေ့ကို မေးငေါ့၍  မျက်စကို၂ခါပစ်ပြသည်က သူ့အဒေါ်လက်ထဲက ကလေးလေးကို။

"ညီလေးကိုလား"

"အင်း... တီတီပဲကြောတော့ တားကို အရင်ချုံး ပေးနမ်းမှာရှို အထုထိ မရတေးဘူးရား"

DevotionWhere stories live. Discover now