Part 5

600 59 13
                                    

Unicode

Perthလက်ကို Saintတွဲပြီး ကျောင်းထဲသို့ ဝင်လာသည်။ Saintက ကျောပိုးအိတ်သေးသေးလေးလွယ်ထားပြီး Perthကတော့ တတိယတန်းမို့လို့ အနည်းငယ်ကြီးတဲ့ လွယ်အိတ်လေးကလေးဖြင့်။ ထမင်းချိုင့်တွေကိုတော့ Perthမေမေက ကိုင်ပေး၏။ ညီအစ်ကို နှစ်ယောက်လုံး ကျောင်းတက်ဖို့ လုံးဝမပျင်းပေ။ Perthက နဂိုတည်းက ကြိုးကြိုးစားစားရှိတဲ့ ကလေးဖြစ်သည်။ Saintကတော့ ကိုကိုလုပ်ရင် ဘာမဆို သူ လိုက်လုပ်ချင်တာကြောင့် Perthကျောင်းတက်နေသ၍တော့ သူ့ကို စိတ်ပူစရာမလို။ ဒါကြောင့်လည်း မူကြိုကနေ တက္ကသိုလ်ဝင်တန်းအထိ တက်လို့ရတဲ့ကျောင်းကိုထားထားတာ။

ဒီနေ့ Perthအခန်းထဲကို အရင်လိုက်ပို့မည်ဟုဆိုကာ Perthစာသင်ဆောင်ဖြစ်တဲ့ တတိယတန်းရှိသည့်ဘက်လို့ လျှောက်လာကြ၏။ Perthစာသင်ခန်းထဲဝင်တော့ Saintကပါ အနောက်ကနေ တောက်တောက်နဲ့လိုက်သွား၏။ Perth လွယ်အိတ်ချွတ်ပြီး ထိုင်တဲ့အထိ သူကြည့်နေကာ သူလည်း ထိုအတိုင်း Perthဘေးက ခုံမှာဝင်ထိုင်လိုက်သည်။
တတိယတန်းကလေးတွေမှာ အရပ်ရှည်နေပြီဖြစ်တော့ မူကြိုကလေး Saintက ထိုင်ခံမှာထိုင်ပေမယ့် စားပွဲပေါ်ကိုမမှီတာကြောင့် ခေါင်းလုံးလုံးလေးကိုသာ လှမ်းမြင်ရ၏။ ခြေထောက်ကလည်းကြမ်းပြင်ကနေ လွတ်နေပြီး ရှူးဖိနပ်စီးထားတဲ့ ခြေသလုံးတုတ်တုတ်လေးဟာ လေထဲမှာတွဲလောင်းလေး။

"သားသား ဒီမှာထိုင်လို့မရဘူးလေ... သားသားစာသင်ခန်းကိုသွားရမယ်နော်"

"တွားဝူး"

Perthအမေက Saintကိုခေါ်တော့ Perthလက်ကို လှမ်းကိုင်လိုက်ကာ အတင်းကပ်ထား၏။

"ကိုကိုက ကို့ကို့စာကိုကိုသင်မှာလေ သားသားက ဟိုဘက်မှာသွားဆော့လေနော်"

"တွားဝူး တွားဝူး တိုတိုနဲ့ တူတူထိုင်မှာ... ချာတူတူသင်မယ်"

Saintကို ဘယ်လိုမှ ခေါ်မရ။ Perthကို အတင်းတွယ်ကပ်နေသည်။ တစ်တန်းလုံးက ကလေးတွေကလည်း Perth Tanaponရဲ့ ညီပေါက်စလေးကို ဝိုင်းကြည့်နေ၏။ ပါးလုံးလုံးကစ်ကစ်တွေကို ကိုကို့လက်မောင်းပေါ်မှာတင်ထားပြီး ဘောက်ဖတ်လေးလို ကပ်နေသည်။

"Saint ကိုကိုက စာသင်ရမှာလေ... ညနေ မုန့်စားဆင်းရင် ကိုကိုထမင်းအတူတူလာစားမယ်လေနော်... ညီညီက လိမ္မာတယ်မလား"

DevotionWhere stories live. Discover now