Part 3

1.2K 108 21
                                    

Unicode

"ချိန့်! ဖရဲတီး ချားရအောင်"

အစ်ကိုကြီးဖြစ်သူ Perth Tanapon ဟာ ဇွန်းနှစ်ချောင်းတပ်ပေးလိုက်သော ဖရဲသီးတစ်ခြမ်းကို မနိုင်မနင်းမ,လာပြီး ငုတ်တုတ်ထိုင်နေတဲ့ Saint Suppapong ​​ရှေ့မှာချပေးလိုက်တော့ သွားနှစ်ချောင်းထွက်နေတဲ့ ပေါက်စက လက်ခုပ်တဖြောင်းဖြောင်းတီးသည်။ ဖရဲသီးမြင်ရင် တလက်လက်တောက်နေတဲ့ မျက်ဝန်းလေးတွေနဲ့ အကြင်နာအပြည့်ကြည့်ရလောက်အောက်အထိ ဖရဲသီးကိုကြိုက်သည်။

ဖရဲသီးကို ချသွားတဲ့ လူကြီးပေါက်စဟာ အလုပ်မပြီးသေးပါဘူး အနောက်ဖေးကနေ Miloတစ်ဘူးကို ပိုက်တစ်ချောင်းတပ်ပြီး နောက်တစ်ဘူးကိုတော့ Saintရဲ့ နို့ဘူးလေးထဲ လှယ်ထည့်၍ ယူလာပြန်သည်။

ညီအစ်ကိုနှစ်ယောက် ဖရဲသီးတစ်ဇွန်းခပ်စားရင်း Perth Tanapon ပိစိက ပိုက်ကနေ နှုတ်ခမ်းသေးသေးနဲ့ Miloတပြွတ်ပြွတ်စုပ်လိုက် Saint Suppapong ငုတ်တုတ်ဟာလည်း နှုတ်ခမ်းတွေ မမြင်ရတဲ့အထိ နို့ဘူးကို မချွတ်တမ်းကိုက်ထားသည်။ ရေချိုးရတာမကြိုက်ပေမယ့် အသန့်ကြိုက်တဲ့အစ်ကိုကြီးက သေသေသပ်သပ်လေး ထိုင်စားပေမယ့် ဇွန်းကိုသေချာမကိုင်တက်သေးတဲ့ ညီလေးကတော့ နှာခေါင်းနဲ့ပါးတွေ​အထိ ဖရဲသီးတွေပေပွလို့နေသည်။

"ချားရို့ တောင်းရား ညီရေး..."

"တောင်း... ခိခိ..."

"တောင်းရင် ချက်ချား"

"နမ်...နမ်...နမ်...နမ်"

အစ်ကိုက ဆက်စားလို့ပြောတော့ ​အပေါ်အောက် စုံပေါက်နေတဲ့ သွား,လေးချောင်းနဲ့ ပါးစပ်အပြည့်ထည့်ပြီး ဖောင်းနေတဲ့ပါးကြီး ကားထွက်နေအောင် ဝါးပြသည်။

အရှေ့က ထိုင်ကြည့်နေတဲ့ အစ်ကိုကတော့ သူ့ညီလေးကို အသဲတယားယားနဲ့ ဖျစ်ညှစ်ပြီး ဖက်နမ်းချက်နေလေပြီ ဒါပေမယ့် အစားစားနေရင် မနှောင့်ယှက်ရဘူးဆိုတဲ့ လူကြီးတွေရဲ့စကားကို နားထောင်ပြီး စားလို့ ပြီးတဲ့အထိစောင့်သည်။

"ချိန့်! ချားရို့တုန်ပြီရား တုန်ရင် တိုတို့ချီ ရာဦး... ဖက်ချင်ရို့"

ထိုအခါ ပြောင်နေပြီဖြစ်သည့် ဖရဲသီးခွံကို လျှာသေးသေးရဲရဲလေးနဲ့ ကုန်းလျက်နေသည့် ကလေးလေးက လေးဘက်ထောက်သွား၍ သူ့အစ်ကိုဆီကို သွားသည်။

DevotionWhere stories live. Discover now