မောင် မအားဘူးဆိုတာလည်း ငါနားလည်တယ်… မောင် ငါ့မွေးနေ့ကို အတူတူမနေတဲ့ နှစ်တွေက သည်းသည်းလှုပ်ပြပြီး အခုတူတူနေမှ ဆာင်လက်ဆောင်ကးသေးဘူး… ဟိုအရင်ကဆို ကနေဒါရောက်နေလည်း မောင် က လက်ဆောင် မရမက ပို့ပေးတယ်… မောင် ငါ့ကို အပိုင်ရပြီဆိုပြီး ခချောင်ထိုးတာလား…မဟုတ်ဘူး… ငါက ပါရမီဖြည့်ဖက်ပဲရယ်… ငါနားလည်ရမှာပေါ့… ငါ့မွေးနေ့ကို မနှစ်က မောင် Meeting ရှိလို့ မလာနိုင်တာ ငါနားလည်ပေးတာပဲရော… ဒီနှစ်ကျမှ ငါဘာလို့ ဇန်းခတ်နေရတာလဲ… မောင် မအားလို့ လက်ဆောင် မစီစဉ်ပေးနိုင်တာပဲရယ်… ငါက ပါရမီဖြည့်ဖက် ငါနားလည်ရမယ် ငါနားလည်ရမယ်…
ဟန်နေတစ်ယောက်လျှောက်တွေးရင်း မောင့် ရုံးခန်းရှေ့ရှိ Reception ကို ထွက်လာလိုက်သည်။ Reception မှ မောင့် Secretary ကိုဇွဲမာန်ကို… “ကိုဇွဲရေ… y ကို MD’s Schedule လေးပြပါလား”…
ကိုဇွဲက Ipad လေးထုတ်ပြသည်။ Y ကြည့်လိုက်တော့ မောင့် Appointment တွေသည် ည 8နာရီထိပြည့်နေသည်။ ဒီနေ့မှ ထူးထူးဆန်းဆန်း ပြည့်နေတာလား။ ဟန်နေ အလိုမကျဖြစ်သွားသည်ကို ကိုဇွဲက ရိပ်မိပြီး…
“Director ညီလေးရေ… ဆရာ့ အချိန်ဇယားက တစ်လကြိုဆွဲရတာလေ… ဒီနေ့မှ ထပ်တိုးထားတာ မဟုတ်ဘူး… ညီ အရေးကြီးလို့လား”…
“Nothing ကိုဇွဲ… Thank you နော်”… Y လည်း မတင်မကျတွေဖြစ်ပြီး လုပ်စရာရှိတာတွေ ရုံးခန်းမှာ ပြန်ထိုင်လုပ်လိုက်သည်။ စိတ်ထဲကလည်း… “မောင်က ညဘက်ထိတောင် ငါနဲ့ မွေးနေ့မလုပ်နိုင်ဘူးပေါ့… အွန်းလေ… မြန်မာပြည်ထိပ်တန်း ဆရာဝန် MD တစ်ယောက်ကို ယူထားမှတော့ ငါဒါတွေ နားလည်ရမှာပေါ့… y… မင်းက အညတြမဟုတ်ဘူး… မင်း မောင့်ကို မယူခင်တည်းက ဒါတွေ မင်းပြင်ဆင်ထားတာပဲလေ…”… တစ်ယောက်တည်း တွေးနေတုန်း Iphone လေးမှ Personal Ringtone မြည်လာသည်။
“Hello မောင်…”
“ဟန်နေ… မောင် ဟန်နေနဲ့ ဒီနေ့ Lunch တူတူစားလို့ မရတော့ဘူး… မောင် Liel ကိစ္စကြောင့် သူတို့နဲ့ Lunch စားပေးရမှာမို့လို့”
“အွန်းပါ မောင်ရ… သွားပါ”
“မောင်နဲ့ မစားရလို့ မစားဘဲမနေနဲ့နော်… ညနေကျရင်လည်း ထမင်းစားမစောင့်နဲ့ မောင်နောက်ကျမယ်… Company က ပြန်ရင်လည်း ကားကို သေချာမောင်းဦး… နှုတ်ခမ်းစုပ်ပြီး မောင့်ကို စိတ်ကောက်မနေနဲ့”
YOU ARE READING
Marry Me by Khit Shan Lynn
Romanceလူသားနှစ်ဦးရဲ့ ချစ်ခြင်းတရားပေါင်းစပ်ခြင်းမှာ လူသားနှစ်ယောက်သာ လိုအပ်ကြောင်း လူသားနှစ်ဦးရဲ့ ချစ်ခြင်းတရားပေါင်းစပ်ခြင်းမှာ လူသားနှစ်ယောက်သာ လိုအပ်ကြောင်း