Part 1 Unicode

736 31 3
                                    

“Marry Me”  By Khit Shan Lynn
18 Plus Sexual Content Warning

(ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ဦးထိပ်ပန်ဆင်၍ စာဖတ်သူ LGBT ပရိတ်သတ်များနှင့် စာရေးသူများကို ကျွန်တော် ခေတ်သျှန်လင်း Y မှ ဂါရဝပြုပါသည်။)

9.9.2013

နေမင်းသူရိန်၏ အလင်းရောင်ခြည်လေးသည် နွေးထွေးတောက်ပနေသည်။ ပြည်လမ်းမပေါ်ရှိ Shwe Hnin Thar Luxury Condominium လေး၏ အစိမ်းနုရောင် လိုက်ကာ လေးများသည် နေရောင်ခြည်ကြောင့် လန်းဆန်းနေသည်။ တစ်နေ့တာ၏ လုပ်ငန်းစဉ်များကို မှတ်ကျောက်တင်ရန် မနက်ခြောက်နာရီတွင် y နိုးထလာသည်။

Y ဘေးတွင်တော့ ချစ်လှစွာသော လေးစားရသော မြတ်နိုးရသော မောင်… မောင်ကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ယောကျာ်းပီသသော အသားအရေနှင့် အနောက်တိုင်းဆန်သော မျက်နှာကျတို့ကို Y ဘေးကနေ ထိုင်ကြည့်နေသည်။ Ruby Group ၏ ဒေါက်တာ MD မောင် နှင့် ဟန်နေ အတူတူ ချစ်ဒိုင်ယာရီတွေ ရေးခဲ့သည်မှာ ကာလတစ်ခုသို့ ရောက်ရှိနေပြီ… မောင် ဟန်နေ့ကို ချစ်ခဲ့သည့် ကာလကတော့ ကိုးနှစ်တင်းတင်း… အချစ်ကို သေချာ ဆန်းစစ်ပြီး မောင်နှင့် ဟန်နေ အချစ်ခန်းဆီးနောက်ကွယ်မှ ကကြိုးတွေကို ကျေနပ်စွာ ကခဲ့ကြသည်…

“မောင့်ကို ၇နာရီကျ လာနှိုးမယ်… သူ့ခမျာ အလုပ်တွေနဲ့ ပင်ပန်းနေတာ”… လို့ y ရေရွတ်ပြီး Iphone လေးကို ဖွင့်လိုက်သည်။ Message တွေ တန်းစီ ဝင်လာသည်။

“ဟုတ်သား… ဒီနေ့ September 9 ပဲရယ်… ငါ့မွေးနေ့ပဲ”… y ကို အသိုင်းအဝိုင်းအစုံမှ Birthday Wish များ ပို့ထားခြင်းဖြစ်သည်။ Y လည်း ကျေးဇူးတင်ဂါရဝပြုကြောင်း ပြန်ပို့လိုက်ပြီး ပါရမီဖြည့်ဖက်တစ်ဦး လုပ်ရမည့် ဝေယျာဝစ္စတွေ လုပ်ရန် စောင်ထဲမှထွက်လိုက်သည်။ အိပ်ယာပေါ်မှ မောင့်ပါးလေးကို Y ပန်းနုရောင်နှုတ်ခမ်းလေးဖြင့် အနမ်းပေးလိုက်ပြီး Shower room ထဲ ဝင်လိုက်သည်။

Shower Room ထဲ ရောက်တော့ Y ရေတစ်ခွက်ခပ်ကာ မျက်နှာသစ်ရင်း “ဘုန်းတော် အနန္တ၊ ကံတော် အနန္တ၊ တန်ခိုးတော် အနန္တနဲ့ ပြည့်စုံသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကို တပည့်တော် ခေတ်သျှန်လင်းက ရှိခိုးကန်တော့ပါသည်” … ဟုဆိုကာ မျက်နှာသစ်လိုက်သည်။

Marry Me by Khit Shan LynnWhere stories live. Discover now