Part 4 Unicode

322 23 0
                                    

“ခွန်း… အကို့ကိုလည်း ဖက်ထားလေ”… ခွန်းရဲ့လက်တွေက မရဲတရဲနဲ့ Y ကျောပြင်လာဖက်သည်။ ခွန်း၏ လက်လေးတွေ အေးစက်တုန်ယင်နေသည်။ Y ပုခုံးစိုစွတ်သွားသည်… ခွန်း ငိုနေသည်။

“ကိုY… ကျွန်တော်တို့ကို ဘယ်သူမှ ခုလို မိသားစုဆန်ဆန် မဆက်ဆံဘူး… အကုန်လုံးက ရွံတဲ့ မျက်လုံးတွေနဲ့ပဲကြည့်တာ… ကျွန်တော် အရမ်းနွေးထွေးတယ်… ကျွန်တော်တို့ကို လူသားတစ်ယောက်လိုဆက်ဆံပေးတယ်… ညီ အရမ်း ပျော်တယ်ကိုY”

Y လက်လေးတွေနဲ့ ခွန်းခေါင်းလေးကို ပွတ်ပေးနေမိသည်။ ခုတင်တစ်ခု အသွေးအသားတစ်ခု နောက်ကွယ်မှာ ငွေကြောင့် စားဝတ်နေရေးကြောင့် နာကျင်နေတဲ့ Spa Boy, Offer, ပြည့်တန်ဆာလို့ ခေါ်ခံရတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင်ရှိနေမလဲ… Y တတ်နိုင်တာကတော့ လူသားချင်းနွေးထွေးပေးတာလေးပါ…

(Spa Boy နဲ့ Offer တွေ အပေါ်ထားတဲ့ y သဘောထားလေးပါ။ အမြင်အမျိုးမျိုးကွဲလွဲနိုင်ပါတယ်)

ခွန်းက အရင် Y ဖက်ထားရာကနေ အောက်ကို ဆင်းလိုက်ပြီး မျက်ရည်တွေ သုတ်သည်… ပြီးတော့ အပြစ်ကင်းတဲ့ အပြုံးလေးနဲ့… “ကိုY… Scrub ကျန်သေးတယ်… ခွန်းသေချာလုပ်ပေးမယ်နော်… ခွန်း ကိုY ကို ပိုလေးစားတယ်”

“ဟုတ်ပါပြီ ခွန်းရ… ကိုY ပြောခဲ့တာတွေကိုလည်း ခွန်းရဲ့ သူငယ်ချင်းတွေကို ပြန်ဝေမျှပြီး
အားပေးလိုက်ဦး… မိမိသိတာကို သူတစ်ပါးကို မျှဝေခြင်းကလည်း လောကကို အလှဆင်တာပဲလေ”

ခွန်းက Scrub သေချာလုပ်ပေးသည်။ Package အစအဆုံးပြီးတော့ Y Showeroom ထဲတွင် ရေချိုးလိုက်သည်။ တစ်ကိုယ်လုံး နုပျိုလန်းဆန်းသွားသည်။ အခန်းထဲပြန်ရောက်တော့ ခွန်းက စံပယ်ရနံ့သင်းသော ရေနွေးကြမ်းလေးကမ်းပေးသည်။ Y ၏ အဝတ်တွေကို အဆင်သင့် လုပ်ပေးထားသည်။

ရေနွေးကြမ်းလေးကို Y သောက်ရင်း “ခွန်းရေ… အကို လွယ်အိတ်ထဲက အသစ်ဝတ်သွားမှာ… ဒါတွေက တစ်မနက်လုံး ဝတ်ပြီးသားမို့လို့”… ခွန်းက အလိုက်တသိ ခေါက်ပေးနေသည်။

လွယ်အိတ်ထဲတွင် ထည့်လာသော V Shape ကြက်သွေးရောင်နှင့် နှစ်လွှာ ဘောင်းဘီ အမည်းရောင် အကွဲလေးကို ဝတ်လိုက်သည်။ Nature Republic Snail လေးလူးပြီး Alien ရေမွှေးလေးစွတ်လိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆင်းလာလိုက်သည်။

Marry Me by Khit Shan LynnWhere stories live. Discover now