Director Min & Manager Park

1.5K 128 10
                                    

"ကိုယ့်ဆီမလာပါနဲ့...
မင်းကို သူတို့အန္တရာယ်ပြုကြလိမ့်မယ်...
အခု ပြေးတော့...
ကိုယ့်ဆီလုံးဝမလာပါနဲ့.."

ခွပ်..

"အာ့ ကျွန်တော်တောင်းပန်ပါတယ်...
သူ့ကို ဘာမှမလုပ်ပါနဲ့.."

ခွပ် ခွပ်..

နှစ်ဖက်ကိုမြှောက်၍ ကြိုးချည်ထားသည့်အပြင်
မျက်နှာကို ထပ်ခါထပ်ခါဆင့်ထိုးနေသောကြောင့်
ခံနိုင်ရည်မရှိစွာ သွေးများယိုယွင်းကျနေသော်လည်း
ချစ်သူကို မထိစေရန်ကာကွယ်ပေးနေသော
ကောင်လေးတစ်ယောက်..။

"ဘေဘီ့ကြောင့် အခုလိုဖြစ်ရတာ..
ကို ဒုက္ခရောက်ရတာ ဘေဘီကြောင့်..ဘေဘီ..."

မျက်ရည်များကျကာ ပြောနေသောကောင်မလေးတစ်ယောက်..။
ပြောလက်စ စကားမဆုံးလိုက်
ဒါရိုက်တာ၏ STOP ဟူသော အသံကြောင့်
ငိုလက်စ မျက်ရည်များပင် ပြန်ဝင်သွားရ၏..။

"S T O P..."

"ဘာလို့လဲ ဒါရိုက်တာကြီး...
မင်းသမီးက mood အပြည့် ထည့်ထားတာပဲလေ..."

မင်းသမီးကို ပြောလိုက်သော်လည်း ရန်တွေ့လာသူကတော့ မင်းသား၏မန်နေဂျာကောင်လေး ပတ်ခ်ဂျီမင်ပင်..။.

"ဘေဘီ ၀င်မရှုပ်နဲ့...
မင်းသမီးက Dialogue မှားနေတာကို
ဘယ်လိုဆက်ရိုက်မလဲ...
ပြန်စမယ်..."

"ဘာ ၀င်မရှုပ်နဲ့ဟုတ်လား...
ကျွန်တော့်မင်းသားက ဒီလောက်အထိုးခံနေရတာကို
မင်းသမီး Dialogue မှားတာကြောင့် နောက်တစ်ခါအထိုးခံရဦးမှာလား...
မရဘူး ပြန်မရိုက်နိုင်ဘူး...
ခင်ဗျားဘာသာ မင်းသမီးကို ဘယ်လိုရိုက်ရိုက် ကျွန်တော့်မင်းသားကို မထိနဲ့တော့..."

လက်ညှိုးထိုးကာနှင့်သူ့အား
ရန်သူတစ်ယောက်နှယ် ရန်တွေ့နေသောချစ်သူကောင်လေးကြောင့်
ဒါရိုက်တာ မင်ယွန်းဂီ စိတ်မထိန်းနိုင်တော့..။

ကောင်လေး၏လက်ပုတိုတိုလေးကို ဆွဲကိုင်လိုက်ကာ
ရန်တွေ့နေသော နှုတ်ခမ်းဖူးဖူးလေးကိုသူ့နှုတ်ခမ်းနှင့်ကပ်ကာ ပိတ်ပေးလိုက်၏..။

ထိုအခါ မျက်လုံးပြူးပြူးကလေးနှင့်အံ့ဩနေလေသော
ကောင်လေးကို ယွန်းဂီစိတ်မထိန်းနိုင်သည်နှင့်
နောက်တစ်ခါ ထပ်၍နမ်းမိ၏..။

YOONMIN ParadiseWhere stories live. Discover now