ကိုယ်ရံတော် မင် - 1

857 100 8
                                    

“မင်းသားလေး မနေ့ညက စစ်သူကြီးကင်မ်ရဲ့သားနဲ့
နန်းတော်အပြင်ဘက်ကို ခိုးထွက်တယ်ဆို?
ဘာလို့ ခိုးထွက်တာလဲ
မင်းသားလေးမှာ အန္တရာယ်တွေများနေတာကို မသိဘူးလား?
နောက်တစ်ခါဆို ကျွန်တော်မျိုးမပါပဲနဲ့ ဘယ်မှမသွားပါနဲ့..”

“အခု ကျွန်တော့်ကို အမိန့်ပေးနေတာလား မင်...”

မင်းသားဂျီမင်၏ အသံခပ်မာမာပြောသံကြောင့်
ယွန်းဂီ ချက်ချင်း ဒူးထောက်ချလိုက်ကာ
ခေါင်းငုံ့၍ ဘုရင့်သားတော် မင်းသားလေးအားတောင်းပန်လိုက်၏..။

မင်းသားလေး မိမိအပေါ်ထားသောခံစားချက်နှင့်
မိမိ၏မင်းသားလေးအပေါ် လွန်ကဲနေသော သဘောထားများ ထပ်တူကျနေသော်လည်း
ဘယ်လိုမျှ လှမ်း၍မမှီနိုင်သော ဘ၀မျိုးဖြစ်နေသဖြင့်
ယွန်းဂီ ငေးကြည့်နေရုံသာ ဆုံးဖြတ်ထား၏..။
မင်းကြီးသိသွားလျှင် မည်သို့အဆုံးသတ်ရမည်ကို သိနှင့်နေသဖြင့် ရှေ့မတိုးဝံ့..။
သူချစ်ရသောမင်းသားလေး မိမိနှင့်ခမည်းတော်အကြား ဗျာများရမည့်အဖြစ်မျိုးလဲ မဖြစ်စေလိုသောကြောင့်
တစ်ယောက်တည်းသာ နာကျင်ခံလိုက်ပေတော့မည်..။

“ကျွန်တော်မျိုးက စိုးရိမ်လို့ပါ မင်းသားလေး...”

“တော်စမ်းပါ ဘာစိုးရိမ်တာလဲ...အဟက်
ကျွန်တော့်ကို ပစ်ထားတုန်းကပစ်ထားပြီးတော့
အခုမှ ဘာတွေစိုးရိမ်နေတာလဲ..”

“ကျွန်တော်မျိုးက မင်းသားလေးရဲ့ကိုယ်ရံတော်ပါ မင်းသားလေး...အန္တရာယ်မဖြစ်ဖို့ရာ ကျွန်တော်မျိုးမှာ တာဝန်ရှိလို့ပါ...”

ကိုယ်ရံတော်မင်၏ စကားကြောင့်
မင်းသားလေးပတ်ခ်ဂျီမင် မဲ့ပြုံးပြုံးလိုက်၏..။

အမြဲ ကိုယ်ရံတော်ဆိုတာကို ပါးစပ်ဖျားကမချဘူး..။
ချစ်နေရဲ့သားနဲ့ ဘာလို့ ငြင်းနေတာလဲ မင်..။

“တာဝန်ဟုတ်လား အရေးမပါတာတွေ...
ကျွန်တော့်ကို ချစ်နေလို့ စိုးရိမ်တာမဟုတ်လား
ဘာလို့ ၀န်မခံတာလဲ ဟမ်...”

ဒူးထောက်ထားသော မိမိရှေ့သို့
သူပါ ဒူးထောက်ထိုင်လိုက်သဖြင့်
မျက်နှာကို မြေပြင်သို့သာ ငိုက်စိုက်ထားလိုက်တော့၏..။
မင်းရဲ့ မျက်ဝန်းကို ကိုယ်ရင်မဆိုင်ရဲဘူး ကလေး..။
ကိုယ်ဆက်ဟန်မဆောင်နိုင်မှာစိုးတယ်..။

YOONMIN ParadiseWhere stories live. Discover now