Without_me

879 107 30
                                    

Thinking you could live without me~~~~

Without me

7:45pm
Jiminie...ဘာလို့ဖုန်းမကိုင်တာလဲ?
delivered

7:50pm

Jiminie..နေမကောင်းဘူးလား? ကိုယ်ဆေးလာပို့ရမလား??
delivered

8:00pm
Jiminie...မအားလို့လား?
delivered

8:15pm
အားရင် ကိုယ့်ဆီဖုန်းဆက်ပါဦး
delivered

8:30pm
ကိုယ့်ကိုစိတ်ဆိုးနေတာလား??
delivered

9:00pm
အိမ်ပြန်ရောက်နေပြီလား??
ကိုယ်လာခဲ့လို့ရမလား??
seen 9:00pm

လာခဲ့မယ်ဆိုမှ ချက်ချင်းseen ဖြစ်သွားသော
Conversation ကို ကြည့်၍
မျက်ရည်များဝဲနေရင်းနှင့်ပင် ယွန်းဂီတစ်ယောက် နာနာကျင်ကျင်ပြုံးလိုက်မိ၏..။

♥Baby Minnie
ကျွန်တော်ဘာမှမဖြစ်ဘူး
မလာခဲ့နဲ့...
ဟို...ယွန်းဂီ ပင်ပန်းမှာစိုးလို့ပြောတာ..

အင်းပါ မလာပါဘူး ကိုယ်က မင်းဖုန်းမကိုင်တော့စိတ်ပူသွားလို့

ခုနက မအားလို့ ဖုန်းမကိုင်မိတာ
ကျွန်တော့်ကို စိတ်ပူမနေနဲ့
ကလေးလဲမဟုတ်တော့ပဲနဲ့...

ကလေးမဟုတ်လို့လဲ
ပိုပြီးစိတ်ပူနေရတာပေါ့
Delivered

Delivered သာဖြစ်သွားပြီး seen မဖြစ်ခဲ့..။

ဒီလောက်နှင့်လည်း သူကျေနပ်ရပါတော့သည်..။
သူချစ်နေသော လူသားသည် သာမန်လူသားမှမဟုတ်တော့တာ..။
နာမည်ကြီး idol တစ်ယောက်ဖြစ်နေပြီပဲ..။
သူ့အတွက် အချိန်အများကြီး ဘယ်ရှိပါ့မလဲ..။

ဆေးရုံခန်းလေးအတွင်း တစ်ယောက်တည်း
ပျင်းလာ၍ တီဗွီဖွင့်ကြည့်မိတော့
ချစ်ရသူ၏မျက်နှာလေးကို မြင်လိုက်ရ၍
ခံစားနေရသော ရောဂါတစ်ချို့ပင်သက်သာသွားသလို..။

“နတ်သားတွေတောင် မင်းလောက် ချစ်စရာမကောင်းလောက်ဘူး..”

ဂျီမင်၏အင်တာဗျူးဖြစ်၍ စိတ်ဝင်တစားကြည့်နေသော်လည်း
သူသိနေသော အကြောင်းအရာများသာ
ဖြစ်နေသဖြင့်
ဂျီမင့်အကြောင်းအလုံးစုံသိနေသော
သူ့ကိုယ်သူပင်ဂုဏ်ယူနေမိတော့သည်..။
ချစ်ရသူ၏အသံချိုချိုလေးနှင့် စကားပြောဟန်များကလည်း ယွန်းဂီအား အသည်းယားစေပြန်လေသည်..။

You've reached the end of published parts.

⏰ Last updated: Jul 07, 2020 ⏰

Add this story to your Library to get notified about new parts!

YOONMIN ParadiseWhere stories live. Discover now