Mine-1

6.7K 269 12
                                    

ဂတ်​စ်​မီးဖိုကိုပိတ်​ပြီး နာရီကိုကြည့်​လိုက်​​တော့
ည၇နာရီနဲ့၄၅မိနစ်​​တောင်​​ရောက်​​နေပြီ။ ဒါဆို
ဒီဟင်းပွဲပြီးရင်​ အိမ်​ပြန်​အနားယူလို့ရပြီ​ပေါ့။အိုး...
ကောင်းလိုက်​တာ...အဝကိုအိပ်​ပစ်​ဦးမယ်​...

"ဟာ...သွားပါပြီ....Chief​ Kyung soo​ရေ
လာပါဦး!!"

ဘေးနားကChiefအကူ​အော်​သံ​ကြောင့်​..
လူ​တောင်​တုန်​တက်​သွားသည်​။အမြန်​သူ့နားသွား
ကြည့်​တော့ ​မှောက်​ကျ​နေသည့်​ဟင်းပွဲ...

"ဘယ်​လိုဖြစ်​တာလဲကွာ!!"

"ဟို...ကျွန်​​တော်​​ခြေ​ချော်​သွားလို့ပါ..."

"​မင်းတို့က​လေလုပ်​လိုက်​ရင်​အမြဲန​မောနမဲ့ပဲ!"

ကျွန်​​တော်​​​အော်​လိုက်​​တော့ အားလုံး​ခေါင်း​လေး
တွေငုံပြီး မျက်​နှာငယ်​​လေး​တွေဖြစ်​​နေကြသဖြင့်
စိတ်​​လျှော့ကာ မီးဖိုခန်းထဲပြန်​ဝင်​လိုက်​သည်​။

"Kyungsooမပြန်​​သေးဘူးလား"

"အင်း ငါနည်းနည်း​နောက်​ကျမှပြန်​​တော့မယ်​!
ချက်​စရာဟင်းပွဲ​လေးရှိ​သေးလို့"

"​အေး ဒါဆိုမနက်​ဖြန်​မှ​တွေ့မယ်​​နော်​"

ပြောပြီး Rayကသူ့လွယ်​အိတ်​​လေးလွယ်​ကာ
ထွက်​သွားသည်​။ သူကျ​တော့လဲ သူနဲ့မဆိုင်​ရင်
ဘာကိုမှဝင်​မကူဝင်​မ​ပြောပဲ ​အေး​အေး​ဆေး​ဆေး​လေး ပြန်​နိုင်လိုက်​တာ...

"ChiefကိုTable13က​ခေါ်​နေတယ်​!!"

"​ဘာလို့"

"ကျွန်​​တော်​လဲမသိဘူးChief"

လက်​ထဲကမီးဖိုကိုပြန်​ချ ဟင်းပွဲကိုအမြန်​ထည့်​ပြီး
သပ်​သပ်​ရပ်​ရပ်​ပြင်​ကာသွား​ချ​​ပေး​တော့ ထိုလူက
ပြုံးပြီးကြည့်​သည်​။

"​နောက်​ကျမှုအတွက်​​တောင်းပန်​ပါတယ်​Sir"

"HaHaရပါတယ်​....Sirလို​ခေါ်​ပုံ​ထောက်​ရင်
ငါကိုမမှတ်​မိဘူးထင်​တယ်​Kyungie"

Kyungie???
ဒီနာမည်​ကိုမကြားရတာနှစ်​နဲ့ချီ​နေပြီ။ ။
ကျွန်​​တော်​၁၈ပြည့်​ကတည်းက အ​သေးစိတ်
ပြောရမယ်​ဆိုရင်​ ကျွန်​​တော့်​ရည်​မှန်းချက်​​တွေ
ပြည့်​ဖို့ ကိုရီးယားကထွက်​လာပြီး Paris​မှာ
ပညာသင်​တဲ့အချိန်​ကစပြီး မကြားရ​တော့တာ~~~

Mine(Kaisoo Yaoi)Where stories live. Discover now