Mine-9

1.8K 198 15
                                    

အိမ်​​ပေါ်တက်​သွားတဲ့Kim Kai​က Lemon
Juice လုပ်​​ပေးရန်​ခိုင်းသွား​သေးသည်​။
ဒီ​နေ့တစ်​​နေ့လုံးလဲမနားရ​သေးဘူး!!!
မနက်​တုန်းကလဲအ​စောကြီးထရ​သေးတယ်​။
နေ့လည်​ကျ​တော့လဲသူ့​ကြောင့်​ဟင်း​တွေအားလုံးကိုအစက​နေSpicyဖြစ်​​အောင်​လုပ်​ရ​သေးတယ်​။

လူက​ပင်​ပန်း​နေပြီဖြစ်​ပင်​မဲ့လည်းနောက်​​ဖေးသွားကာ​ရေခဲ​သေတ္တာထဲလိ​မ္မော်​သီးယူပြီးလှီး​နေတုန်း
အ​နောက်​မှအရိပ်​မဲကြီး​ကြောင့်​လှည့်​ကြည့်​လိုက်
တော့ဘယ်​သူမှမရှိ!!!အိပ်​​ရေးမဝလို့​လျှောက်​မြင်
တာများလား??

အခန်းကလဲတိတ်​ဆိတ်​​နေတာမို့​ကြောက်​စိတ်​တို့
ကစိုးမိုးလာသည်​။ လက်​ထဲကလိ​မ္မော်​သီးကိုအမြန်
ဖျော်​စက်​ထဲ​မွှေပြီးဖန်​ခွက်​ထဲထည့်​ကာသွားရန်​ပြင်
တော့ကျွန်​​တော်​​ရှေ့မှာအပြာ​ရောင်​နဲ့လူကြီး..

"အား!!!Omma!!!"

"ဘာဖြစ်​​တာလဲDo kyungsoo"

"Kim...Kim Kai..."

"အင်း..."

"ဘာလို့ငါ​နောက်​မှာကပ်​ရပ်​​နေတာလဲ!!
ခပ်​​ဝေး​ဝေးမှာရပ်​ပါလား!!"

ကျွန်​​တော်​​အော်​လိုက်​​တော့သူကရယ်​​နေသည်​။ ။
ကြည့်​...သူများ​ဒေါသထွက်​တာကိုအဲ့​လောက်​ပီတိ
ဖြစ်​​နေတာ!!! အ​အေးခွက်​ကိုသူလက်​ထဲထည့်ပြီး
ထိုင်​ခုံမှာသွားထိုင်​လိုက်​သည်​။ လူကအိပ်​ချင်​​နေပြီ
လေ...သူထပ်​မခိုင်းမီထိုင်​ခုံမှာတစ်​​ရေး​လောက်​...
နေပါဦး!!သူ့အင်္ကျီကKim Kai Shooting
ထပ်​သွားရဦးမှာလား?

"Kim Kai Shootingရှိလို့လား"

"မရှိပါဘူး...ဘာလို့လဲ"

"အိမ်​​နေရင်းကိုဘာလို့အဲ့လိုဝတ်​ထားတာလဲ!
ငါလို​ပေါ့​ပေါ့ပါးပါး​လေး​နေစမ်းပါ..."

"ကိုယ်​ကအမြဲဒီလိုပဲဝတ်​တာ.."

"ဟုတ်​ပါပြီ...မင်းဘာမှမခိုင်း​တော့ဘူးမလား...
ငါ...အရမ်းအိပ်​ချင်​​နေလို့အိပ်​​တော့မယ်​"

Mine(Kaisoo Yaoi)Where stories live. Discover now