Mine-22

832 105 15
                                    

(ZawGyi Ver)

Korea​ပြန်​ရောက်​​တုန်းအိမ်​ခဏ
ပြန်​ချင်​တာ​ကြောင့်​ခွင့်​သုံးရက်​ယူကာ
Kim Kaiဆီကထွက်​လာလိုက်​သည်​။ ။
။ မသွားခင်​သူကြိုက်​တက်​တဲ့ဟင်းပွဲ​တွေကို
သုံးရက်​စာပြင်​ဆင်​​ပေးထားရ​သေးတယ်​ ။
ဒါ​တောင်​သူကကြည်​ကြည်​ဖြူ ဖြူမလွှတ်​ချင်​​သေး
မနည်း​ပြောမှအင်​တင်​တင်​ဖြင့်​ခွင့်​​ပေး၏။ ။

ဒီနှစ်​ရက်​အတွင်းသူ့ဆီက
ဘာအဆက်​သွယ်​မှမရ​တော့လဲ
ရင်​ထဲကလွမ်းသလို​ဆွေးသလို
ုဖြစ်​​နေပြန်​သည်​။

ဒါပင်​မဲ့ကျွန်​​တော့်​ဘက်​ကစပြီး​​တော့
ဖုန်း​မ​ခေါ်နိုင်​!!တွေး​နေရင်းသူ့နှုတ်​ခမ်းရွဲ့အပြုံးကို
စိတ်​ထဲမြင်​​ယောင်​လာတာမလို့​ဒေါသဖြင့်
ကိုင်​ထားသည့်​ပန်းသီးအိတ်​ကို​ဆောင့်​ချလိုက်
တော့...ထွက်​ကျလာသည့်​ပန်းသီးတစ်​လုံး...

"ကျစ်​!!"

ကျွန်​​တော်​ကလိုက်​​လေထိုပန်းသီးက​ပြေး​လေနဲ့
နောက်​ဆုံးကားလမ်း​ပေါ်ကျသွားတာ​ကြောင့်
ကောက်​ယူမလို့ပြင်​​နေတုန်းရင်​ခွင်​ကျယ်​တစ်​ခုထဲသို့အဆွဲသွင်းခံလိုက်​ရသည်​။

"ကားတစ်​စီးလုံးလာတာ​တောင်
မမြင်​ဘူးလားDo kyungsoo!!"

"Kai"

အံသြစွာရီရွတ်​မိ​တော့သူကဖက်​ထားရာမှ
လွှတ်​ပြီးခုနကပန်းသီးကိုသွား​ကောက်​ကာ
ကျွန်​​တော့်​လက်​ထဲထည့်​​ပေးတယ်​။ ။

"​​ဒီပန်းသီးကဘာများတန်​ဖိုးကြီး​နေလို့
အသက်​နဲ့ရင်းပြီးသွား​ကောက်​တာလဲ!!
တောက်​!! ကိုယ်​ရှိ​နေလို့​ပေါ့မဟုတ်​ရင်
မင်းကား​အောက်​မှာပြားသွားပြီ!!"

ဆူ​နေတာလား? ရွှဲ့​နေတာလား?
မသိပင်​မဲ့သူ့ကိုဘာမှပြန်​မ​ပြောနိုင်​။
။ ​ကျောက်​ရုပ်​လို​ငေးကြည့်​​နေမိသည်​ ။
မ​တွေ့တဲ့အတွင်းသူကမနာလိုစရာ​ကောင်း​အောင်
ပို​ချောလာတယ်​။ ။ ဆံပင်​ကိုအရင်​လို​လှန်​မတင်​ထား​တော့ပဲသဘာဝအတိုင်းချထားတာ​ကြောင့်​နဖူး​ပေါ်မှာခဲ​ရောင်​ဆံသား​လေး​တွေကပြန့်​ကျဲ​နေသည်​။

Mine(Kaisoo Yaoi)Where stories live. Discover now