Ep 7 (Unicode)

164 21 0
                                    

"အဲ့ဒါဆို လေ့ကျင့်တဲ့အခန်းကို သွားကြမယ်လေ..."

Chaeyeon က ငြိမ်သက်ခြင်းကို ဖြိုခွင်းလိုက်တော့ Sakura ကခေါင်းလေးညိတ်ပြလိုက်လေသည်...

လေ့ကျင့်တဲ့ အခန်းမှာ Sakura ကသူလေ့ကျင့်တဲ့ သီချင်း ရဲ့ ကကွက်တွေကို Chaeyeon ကို ပြလိုက်လေသည်... ပြီးတော့ သီချင်းဖွင့်ကာ ကကွက်တွေကို လေ့ကျင့်သည်... Chaeyeon ကတော့ Sakura ကတာကို ဘေးမှရပ်ကြည့်နေလေသည်...

Sakura က Eunbi သင်ပေးထားတဲ့အထိ ကပြီးချိန်မှာတော့...

"အဲ့အထိက အဆင်ပြေတယ်... ကကွက်အသစ် ထပ်လေ့ကျင့်မလား..."

Sakura ခေါင်းညိတ်ပြလိုက်လေသည်...

Sakura အင်းအဲ လုပ်ရုံမှလွဲ၍ စကားသေချာ မပြောနိုင်သေးပါ... Chaeyeon က သူ့ကို အကသင်ပေးနေတာကို ခုထိ Sakura တစ်ယောက် မယုံနိုင်သေးဘူးလေ...

Chaeyeon က ရှေ့ကနေ တစ်ဆင့်ချင်း ကပြတာကို Sakura က နောက်ကနေ လိုက်လုပ်သည်...

"ဒီနေရာမှာ လက်ကို အရမ်းကွေးပစ်စရာ မလိုဘူး... ပြီးတော့ ပုခုံးကိုလည်း ဒီလိုလေးထား..."

ပြောပြောဆိုဆို Chaeyeon က Sakura ပုခုံးလေးကို ကိုင်ကာ အနေအထားကို ပြင်ပေးလိုက်တော့ Sakura ပုခုံးတွန့်သွားသည်... Sakura ပုခုံးလေးတွန့်သွားတော့ Chaeyeon ချက်ချင်းလက်ကိုဖယ်ပေးလိုက်ကာ...

"Miyan ... ငါက ပုခုံးအနေအထား မှန်သွားအောင်... "

Chaeyeon ပြောလိုက်တော့ Sakura မျက်နှာလေးရဲသွားကာ ကြားကနေ ဖျက်ပြီး...

"ဟို.. ရုတ်တရတ်မို့ပါ... ဘာမှမဖြစ်ပါဘူး..."

သူ့အထိအတွေ့ကို ရင်ခုန်နေတုန်းပဲဆိုတာ သူမသိလည်း နေပါစေတော့... တကယ်ဆို သူက တောင်းပန်စရာမလို... ဒီတိုင်း အနေအထားပြင်ပေးတာပဲလေ... ရင်ခုန်ပြီး တွန့်သွားတဲ့ ပုခုံးကိုသာ အပြစ်တင်လိုက်ချင်မိသည်...

"အဲ့ဒါဆို အဲ့တစ်ကွက် ကကြည့်နော်.. "

Chaeyeon က ပြောပြီး ခပ်လှမ်းလှမ်းကနေ ကြည့်နေလေသည်...

Sakura ကတော့ ပိုဝေးကွာသွားတဲ့ Chaeyeon ကို ကြည့်ပြီး ဝမ်းနည်းသွားသည်... ဘာလို့များ သူ့ကို နေရခက်အောင် လုပ်မိပါလိမ့်....

Only OneWhere stories live. Discover now