Ep 9(Unicode)

104 19 0
                                    

"Kura ya... မနက်ဖြန်ကျ Unnie မွေးနေ့ကို လာခဲ့ပါဦး... "

"အင်း... Unnie...လာခဲ့ပါမယ်..."

Sakura ခေါင်းညိတ်ရင်းသာ အဖြေပေးလိုက်မိပေမယ့် တကယ်တော့ မသေချာသေး... Eunbi Unnie ရဲ့ မွေးနေ့ကို သွားဖို့ရာ အရမ်းစဉ်းစားစရာ မလိုပေမယ့် အခုစိတ်အခြေအနေအရ မစဉ်းစားနိုင်သေး...

*****

နောက်တစ်နေ့ရဲ့ညနေခင်း တစ်ခုမှာတော့ Sakura ရဲ့ Apartment ကို Yena ရောက်လာလေသည်....

"Kura ya... ငါ Eunbi Unnie ရဲ့ မွေးနေ့ကို သွားမလို့ လိုက်ခဲ့ပါလား..."

Sakura အိပ်ရာပေါ်မှာပဲ ရှိနေကာ အိပ်ရေးမဝသေးသော မျက်နှာနဲ့ Yena ကို လှမ်းကြည့်သည်...

"Eunbi Unnie မွေးနေ့ကို နင်က ဘာလုပ်ဖို့သွားမှာလဲ..."

Yena နူတ်ခမ်းထော်သွားကာ...

"Ya.. ဖိတ်လို့ပေါ့... ဖိတ်လို့သွားမှာပေါ့..."

"ဘယ်သူက ဖိတ်တာလဲ..."

မယုံသင်္ကာပုံစံနဲ့ Sakura မေးလိုက်တော့ Yena နူတ်ခမ်းမှာ ပိုထော်လာလေသည်...

"ငါ့အပါ်လည်း နည်းနည်းပါးပါး စိတ်ဝင်စားပါအုန်း..."

"ဘာကို စိတ်ဝင်စားရမှာလဲ..."

"ငါနဲ့ Eunbi Unnie ရဲ့ ညီမနဲ့..."

Yena ဆက်မပြောပဲ ရပ်သွားတာကြောင့်

"ဘာဖြစ်လဲ.. နင်နဲ့ Eunbi Unnie ရဲ့ ညီမနဲ့က..."

Yena မှာ ပြောစရာ စကား စဉ်းစားနေသလိုနဲ့...

"အရမ်းခင်တာ ... အရမ်းခင်တဲ့ သူတွေလို့ ပြောမလို့...."

"အဲ့ဒါနဲ့ ငါနင့်အပေါ် စိတ်ဝင်စားတာနဲ့က ဘယ်လို ပတ်သတ်လို့လဲ..."

"မဟုတ်ဘူးလေ... သူတို့နဲ့ ငါ သိခဲ့တာ ... နင့်ကြောင့်လေ... အခု နင်က ဘာမှ မှ မသိတာ...."

Sakura ထိုသို့ပြောမှပဲ ပိုရှုပ်သွားဟန်နဲ့...

"ဘာတွေလဲ.... နင်ပြောနေတာတွေ တစ်ခုမှ ငါနားမလည်ဘူး...."

Yena ထိုအခါမှပဲ တစ်ခုကို တွေးမိသွားဟန်နဲ့...

"ဟုတ်သားပဲ... နင်က ဟိုနေ့က ငါပြောတာကို ပြီးအောင်မှ နားမထောင်ခဲ့တာ... ဟိုတစ်ခေါက်က ပြောတဲ့ Yuri ဆိုတာလေ ... အဲ့ဒါ Eunbi Unnie ရဲ့ ညီမပဲ..."

Only OneWhere stories live. Discover now