Ep 11(Unicode)

112 17 0
                                    

Chaeyeon လက်တစ်ဖက်က Sakura လက်လေးကို ကိုင်ရင်း ‌ကားမောင်းလာကာ Sakura ကို ခဏခဏ လှမ်းကြည့်နေတာမို့...

"ဘာလို့ ခဏ ခဏ ကြည့်နေတာလဲ..."

"ဟင်.."

Chaeyeon မသိသလို လုပ်ရင်း မေးလိုက်တာမို့....

"ဘာမှ မဟုတ်တော့ဘူး...."

Sakura ပြန်ပြောတော့ Chaeyeon ပြုံးလိုက်ရင်း ကားမောင်းတဲ့ဆီကိုပဲ အာရုံပြန်စိုက်လိုက်သည်...

*******************************

Sakura ရဲ့ ကွန်ဒိုကို ရောက်တော့ Chaeyeon က Sakura ရဲ့ လက်ကို လွှတ်မပေးသေး... လက်ကလည်း လမ်းတစ်‌လမ်းလုံးကိုင်လာတာမို့ ချွေးပင် အနည်းငယ် စို့နေလေပြီ...

"သွားတော့မယ်..."

"အင်း...."

အင်း သာပြောတာ လက်ကို လွှတ်မပေးသေးတာမို့...

"လက်မလွှတ်သေးပဲ ဘယ်လို သွားမှာလဲ..."

"Ah... ဟုတ်သားပဲ..."

ထိုမှသာ Chaeyeon လက်ကို လွှ‌တ်ပေးဖို့ သတိရတော့လေသည်...

Sakura ဆင်းဖို့ ပြင်လိုက်ပြီးမှ...

"Chaeyeon na... အပေါ်မှာ ကော်ဖီတစ်ခွက်လောက် လိုက်သောက်မလား..."

လက်လွှတ်ပေးလိုက်ရလို့ မျက်နှာ မှုန်သုန်သုန် ဖြစ်နေတဲ့ Chaeyeon တစ်ယောက် ထိုအခါမှ ပျော်သွားကာ...

"အင်း... လိုက်ခဲ့မယ်...."

Chaeyeon ကားပေါ်မှ ဆင်းကာ Sakura ဘက်က ကားတံခါးကို ပြေးပြီး ဆင်းဖွင့်ပေးသည်.... Sakura ရဲ့ လက်လေးကို ကိုင်ဖို့ တွေးမိလိုက်ပေးမယ့် ဘေးကို ဝေ့ကြည့်မိပြီး မကိုင်ဖြစ်တော့... Celebrity တစ်ယောက်ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေက အများသားမလား....

******************************

Sakura အခန်းဆီ ရောက်သွားပြီး တံခါးပိတ်ပြီးတာနဲ့ Sakura ကို Chaeyeon နောက်ကနေ သိုင်းဖက်ထားလိုက်သည်...

"တကယ်တော့.... ငါ နင့်ကို အရမ်းလွမ်းနေခဲ့တာပါ..."

Chaeyeon ဖက်ထားတဲ့ လက်လေးကို Sakura ပြန်ကိုင်လိုက်ရင်း...

"ငါရောပဲ...."

အဲ့နေ့က Chaeyeon အိမ်မပြန်တော့ဘဲ Sakura နဲ့ပဲ အတူအိပ်သွားလေသည်... စကားအနည်းငယ် ပြောရင်း... တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိရင်း... (ရင်ခွင်ထဲ ထည့်ထားကာ လက်လေးကိုင်ရင်း 😏)

Only OneWhere stories live. Discover now