Part 4

4.1K 293 12
                                    

Part 4

    စံအိမ်ကကြီးတဲ့အပြင် အိမ်ရှေ့မျက်နှာစာကလည်း ခမ်းနားလှသည်
အိမ်ရှေ့အိမ်ပြင်ဘက်မှာတောင်
ဟိုဘက်ဒီဘက် ဧည့်ခန်းနှစ်ခုရှီသည်။

" အိမ်ကြီးက မိုက်လှချည်လား  "

    အိမ်ရှေ့ ဧည့်ခန်းထဲမှာ ကလေးလေးတစ်ယောက် ကဗျာရွတ်နေသည် သခင်လေးအစ်မဝမ်းကွဲက သင်ပေးနေသည်။

" မင်္ဂလာပါ  "

" မင်္ဂလာပါအားတစ်  "

" ကျွန်တော့်နာမည်ဘယ်လိုသိတာလဲ  "

" ဒေါ်လေးကို မေးလိုက်တာ 
ကျွန်မနာမည်ကချယ်ရီ "

" ဟုတ်ကဲ့  "

" ကိုကိုလာထိုင်  "

    ကလေးက ကျွန်တော့်လက်ကိုဆွဲပြီး ဆိုဖာပေါ်မှာ ထိုင်ခိုင်းသည်  ပြီးတော့ သူက ကျွန်တော့်ပေါင်ပေါ်တက်ထိုင်သည်

" ချစ်စရာလေး  ကလေးနာမည်က ဘယ်သူလဲ  "

" ယွန်းလေး သားကိုယွန်းလေးလို့ခေါ်ကိုကို  "

" ယွန်းလေးတဲ့လား ချစ်စရာလေး  "

" ကိုကိုကလည်း အရမ်းချောတယ်
ဒီမှာသားတို့နဲ့ အတူနေမှာ မဟုတ်လား  "

" ဟုတ်တာပေါ့   "

" သားနဲ့အတူဆော့မယ်နော် ကိုကို  "

" အင်း  "

" ယွန်းလေး ငါ့ကိုကိုပေါ် မထိုင်နဲ့  "

  ကျွန်တော့်နဲ့ ယွန်းလေး စကားပြောနေတုန်း  လှမ်းအော်လိုက်တဲ့ သခင်လေးကောင်း
ယွန်းလေး ကျွန်တော့်ပေါင်ပေါ်က မြန်မြန်ဆင်းပြီး ချယ်ရီနားပြေးကပ်သည်။

" သားသားကို သားကြောက်တယ်  "

" ဦးငယ်မဟုတ်ဘူးလား
ဘာလို့ သားသားလို့ခေါ်တာလဲ  "

  ကောင်းကို ယွန်းလေးက သားသားလို့
ခေါ်တာကြောင့် အားတစ်ထူးဆန်းပြီး
မေးလိုက်တော့ ချယ်ရီကရယ်ပြီး

" သူတို့နှစ်ယောက်က
ဆော့ဖော်ဆော့ဖတ်ရွယ်တူလေ "

" အော်...ဟုတ်သား"

   ကောင်းကျွန်တော့်တို့ နားရောက်လာပြီး

" ကိုကိုထ သူတို့နားမကပ်နဲ့ သားနဲ့လိုက်ခဲ့  "

သခင်ရဲ့ကိုကိုWhere stories live. Discover now