Part 45

2.4K 236 24
                                    

Part 45

    ကောင်း Newအိမ်ရောက်တာနဲ့ Newဧည့်ခံတဲ့ကော်ဖီသောက်ပြီး သူနဲ့ကိုကိုအကြောင်းကို အကြောင်းစုံပြောပြလိုက်သည်။

" ဘာ!  ဟုတ်လို့လား "

အံသြတုန့်လှုပ်မှုဖြစ်သွားတဲ့ Newကို
စိတ်မရှည်စွာပြောလိုက်သည်။

" New မင်းဘာဖြစ်နေတာလဲ
ဘာလဲ ငါ့ပြောတာမယုံဘူးလား "

" မင်းနဲ့အစ်ကိုပတ်သတ်ခဲ့တာ ယုံပါတယ် ဒါပေမဲ့ Skyကအစ်ကိုမွေးတဲ့ကလေးဆိုတာကတော့ "

" မယုံရင် ဆေးရုံကဒေါက်တာဂျင်ကို
မေးကြည့်နိုင်တယ် ကိုကိုကလေးမွေးခဲ့တဲ့
နယ်ကဆေးရုံမှာလည်း မေးကြည့်လို့ရတယ် "

" အင်း "

    New မျက်နှာညိုးသွားသည် ဟုတ်တယ် ဒီကောင်ကိုတော့ အားနာပေမဲ့ ဒီကောင်
ကိုကိုအကြောင်းသိမှ ကိုကိုနားကနေ ဝေးဝေးခွာမှာ

" ကောင်းငါ့ကို အစ်ကိုအကြောင်းပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ် ငါ
အစ်ကိုနဲ့ပတ်သတ်ပြီး မမှားတော့တာပေါ့ "

" အင်း မင်းမှားမှာဆိုးလို့ ငါပြောပြတာ
ကိုကို့ကိုမင်းစိတ်မဝင်စားနဲ့တော့ "

" ဘာလို့ ငါ့ကအစ်ကို့ကို
စိတ်မဝင်စားရမှာလဲကောင်း"

" ကိုကိုမှာ သူ ယောက်ကျားငါရှီတယ်လေ
သားလည်းရှီတယ်လေ မင်းအခုထက်ထိ
ငါပြောတာ နားမလည်သေးဘူးလား  "

" နားလည်ပါတယ်ကောင်း
အဲ့ဒါနဲ့ ငါ အစ်ကို့ကို မချစ်နိုင်စရာအကြောင်းမှ
မရှီတာ "

" ဘာ!...New မင်း! "

  New စကားကြောင့် ကောင်း အံအားသင့်သွားသည်။

" ကောင်း မင်းနဲ့အစ်ကိုက ကွာရှင်းပြီးပြီလေ
ပြီးတော့ Skyက မိဘကွဲနေတဲ့ ကလေးတစ်ယောက် မဟုတ်ဘူး သူမှာ မွေးကတည်းက အဖေအမေ
ခေါ်စရာရှီပြီးသား  အစ်ကိုကသူ့အစ်ကို
ဒီအတိုင်းလည်း သူပျော်နေတာပဲကောင်း
မင်းက အခုမှ ဘာလုပ်ချင်လို့လဲ "

" Skyက ငါနဲ့ကိုကိုရဲ့သား
ငါတို့အတူတူပြန်နေမှာ "

" ဘယ်လိုလုပ် အတူတူပြန်နေနိုင်မှာလဲ
အစ်ကိုနဲ့မင်းလက်ထပ်ထားလို့
ကလေးတစ်ယောက်ရတယ်ဆိုပေမဲ့
အစ်ကို မင်းကို မချစ်ခဲ့ဘူး အဲ့လိုအချစ်မပါတဲ့ အိမ်ထောင်ရေးကြောင့်လည်း ဒီလောက်ထိ
ဖြစ်ကုန်တာပေါ့ကွ "

သခင်ရဲ့ကိုကိုМесто, где живут истории. Откройте их для себя