Part 44
ကျွန်တော့်နိုးလာတော့ ကျွန်တော့်ကို ကြည့်နေတဲ့ သခင်လေးကိုတွေ့ လိုက်ရသည်။ အိမ်မက်ထင်ပြီး မျက်စီမှိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကို ပြုံးကြည့်နေတဲ့သခင်လေးကို တွေ့ရသည်
"နိုးပြီလား ကိုကို "
အားတစ်ထဖို့ကြိုးစားတော့ သခင်လေးက
ထူပေးသည်။" ငါ့အခန်းထဲထိ ဘာလာလုပ်တာလဲ..
မဟုတ်ဘူး အဲ့လိုမေးရမှာမဟုတ်ဘူး
အိမ်ဘယ်လိုသိလဲမေးရမှာ "ကိုကိုတိုးတိုးလေးပြောနေပေမဲ့ ကျွန်တော့်ကြားပြီ ပြုံးရယ်လိုက်သည်
" ကိုကိုကျွန်တော်ကို
အကြာကြီးရှောင်ပုန်းလို့မရပါဘူး ""ငါ့ကမရှောင်ပါဘူး မင်းနဲ့မတွေ့ချင်တာ
ပြီးတော့ ငါတို့က ဘာဆိုင်တော့လို့လဲ
ကွာရှင်းပြီးပြီပဲ "" ကိုကို ကျွန်တော့်ကိုကွာရှင်းဖို့ဆိုပြီး
အိမ်လာတဲ့နေ့ကို မှတ်မိတယ်ပေါ့ "" မှတ်မိတယ်လေ ငါ့မင်းနဲ့ပတ်သတ်ပြီး
အကုန်မှတ်မိတယ် "" ဒါဆို ကျွန်တော့်ဘာကြောင့်
နေပြန်ကောင်းသွားတာလဲ ကိုကို "" ဟင် "
အားတစ်ဆေးရုံကဆင်းပြီး
ကောင်းကိုတန်းကွာရှင်းတာ
ကောင်းနေပြန်ကောင်းတယ်ဆိုတာသိပေမဲ့
ဘယ်ချိန်ကတည်းက သခင်လေးကောင်းက
နေပြန်ကောင်းခဲ့တာလဲ မမှတ်မိဘူးဖြစ်နေသည်။" ကိုကို! "
" ဟင် "
" ကျွန်တော့်မေးနေတယ်လေ "
" မင်းငါကိုလှေကားပေါ်က တွန်းချပြီးတော့
လန့်ပြီးနေကောင်းသွားတာလား "ကိုကိုအပြောကြောင့် ကျွန်တော်ပြုံးလိုက်သည်။
" မဟုတ်ဘူးလား "
" ကိုကို့ကိုဆေးရုံမှာ မမကြီးက ဘာလာပြောလို့
ကိုကိုကျွန်တော့်ကို မုန်းတာလဲ "" ဘာတွေပြောနေတာလဲ ငါမင်းကို အစကတည်းက မုန်းတာကိုး ငါတို့နှစ်ယောက်က အချစ်မပါပဲ
ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ခဲ့ရတာ
မင်းနေပြန်ကောင်းသွားပြီပဲ ဘာလို့
ငါ့ကိုရှာနေရတာလဲ မင်းနဲ့အဆင့်တန်းတူတဲ့
မင်းသမီးလေးတွေ အများကြီးပဲ
ရှာယူလိုက်ပါ့လား "