နိဒါန်း(၁)

5.8K 81 0
                                    


ဒုတိယ ဇနီး (သို့) ကြင်ယာတော် တစ်ယောက်ဖြစ်ဖို့ဆိုသည်မှာ
ကောင်းကင်ကို တိုင်တည်၍ မိမိတို့တတ်မြောက်ထားသင့်သော လေ့ကျင့်မှု ပညာရပ်အဝဝကို ပြည့်စုံစွာသင်ယူရသော ဇနီးမယားတစ်ယောက်ဖြစ်ပေသည်။

ထိုပညာရပ်များတွင် နှစ်နားပြိုင် စတုဂံနဲ့ တူညီကာ အရေးပါသော တည်ကြည်လေးနက်မှု …
ခက်ခဲရှုပ်ထွေးလှသော ပရိယာယ်ဆင်မှု ရဲတင်းလှသော အပြုအမူ ထို့ထိုသော အရာများအား ရှောင်ကျဉ်းရန် ဆောင်ထားရန် ဟူ၍ သတိထားလေ့ကျင့်စေပြီး
ပထမ ဇနီးမယား၏ အပါး၌ သင်ကြားရချိန်လေသည်။

ထို အချိန်လေးတွေအား အသိဥာဏ်ထဲတွင် ပျောက်သွားလိုက် တစ်ဖန်တိကျစွာ ပြန်လည်ပေါ်ပေါက်လာလိုက်ဖြင့် ……

သည်းခံနိုင်မှုအပြည့်နဲ့ ဒုက္ခများအား ကြံ့ကြံ့ခံနိုင်သော သူမ၏ မိခင်မှာ သမာဓိပြည့်ဝသည်ဟု ဆိုပါသော ခင်ပွန်း (ယောကျာ်း) တစ်ယောက်၌ တရားဝင်ဇနီးမယားရှိပါလျှက် တိတ်တိတ်ပုန်းမိန်းမအဖြစ် ထိုယောကျာ်းအား အိပ်ရာထက်သို့ ခေါ်ဆောင်နိုင်ခဲ့သည်။

ဘယ်သူများက ထင်မိမှာပါလိမ့် ။
အခုလို သာမာဓိပြည့်ဝသော အမျိုးကောင်းသားတစ်ယောက်က ယခုလို လုပ်လိမ့်မည်ဟု ။

ဘယ်သူက မျှော်လင့်မိမှာပါလိမ့် ။ ဒုတိယ ဇနီးမယားကို ခေါ်ဆောင်လာလိမ့်မယ်လို့ ။
ဘယ်သူကမှ မထင်ထားသော အရာပင်တည်း။

ဒုတိယ ကြင်ယာတော် ( Myanmar Translation)Where stories live. Discover now