နိဒါန်း (၂)

3K 76 1
                                    


ငယ်ရွယ်နုပျိုနေဆဲ အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်နှင့် နှုတ်ခမ်းမှ သွေးများယိုစိမ့်ထွက်နေသည်ကို သူမ စူးစူးစိုက်စိုက်ကြည့်နေလေသည်။
ဘာကြောင့်များ သူ မသေသွားရတာလဲ။

မိန်းမပျိုလေးဟာ ကလေးငယ်တစ်ဦးကိုသူမ၏ လက်မောင်း၌ ရှေ့တိုးနောက်ငင်ကာဖြင့် လှုပ်ရမ်းကာ ချော့သိပ်နေလေသည်။ထို့နောက် သူမရဲ့ ကောက်ကွေးတဲ့  လက်သန်းတစ်ချောင်းကို သတိအနည်းငယ်ထားကာ ကိုင်တွယ်ဖုံးအုပ်လိုက်ရင်း တံခါးအပြင်ဘက်မှတိုက်ခတ်လာသည့် ဒေါင်လင်းမြို့ရဲ့ နွေဦးကာလ လေပြေလေညှင်းတို့ကို ခံစားနေလေသည်။

သူမဟာ အသက်မဲ့သော ပုံသဏ္ဌန်အသွင်ဖြင့် မိုက်ရူးရဲဆန်စွာ သူမဟာ ခန့်ခွဲစီမံမှုနဲ့ ထောက်ခံအားပေးမှု လောဘတို့အတွက် လူတစ်ယောက်အပေါ် ယိမ်းယိုင်မိခဲ့၏။
ထိုအမျိုးသမီးမှာ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
ဤအမျိုးသမီးထက် ဘယ်လောက်ထိ သူမ် ဂရုစိုက်ယုယပေးခဲ့ရသလဲ။
ဒါကိုမှ သူမရဲ့ အားနည်းချက်ကို အသုံးချပြီး အဲ့ဒီလို စိတ်ပျက်ဖွယ်ရာ မုန်းတီးစရာကောင်းလှသော ထိုမိန်းမအား သာယာသော ဘဝလေးဆိုတာကို ပေးရမယ်တဲ့လား ။

အံ့သြဖွယ်ရာပါပဲလား…။

               --------------------------

သူမ မျက်လုံးကို ခဲယဉ်းစွာဘဲ အားစိုက်ဖွင့်ကြည့်လိုက်သည်။
သူမရဲ့ မျက်လုံးဆီမှ ပုံမှန်မဟုတ်ဘဲ ထူးခြားသော အခြားနေရာရောက်နေသကဲ့သို့ အမိုးတစ်ခုကို မြင်ရလေသည်။

သူမရဲ့ ခြေထောက်ကို ဟိုလိုသည်လို အနည်းငယ် ကန်ကြည့်ကာ လှုပ်ရှားကြည့်မိတော့လည်း တစ်စုံတစ်ယောက်က ပြန်လည် တုန့်ပြန်ခြင်းမရှိ။
မည့်သည့်အရာမှ ရှိမနေသလို လေသက်သာသာ ကန်မိလေသည်။
သူမဟာ အပြင်တစ်ဖက်မှ ငိုယိုနေသော အသံကြောင့် လှမ်းကြည့်မိလိုက်သည်။

အရောင်းအဆင်း တောက်ပလှပါသော အမျိုးသမီးတစ်ဦးမှာ ပြာပြာသလဲ စိုးရိမ်ထိတ်လန့်နေပုံနဲ့ ပြေးလာကာ သူမ၏ ကလေးကိုကြည့်ရင်း စိတ်အားထက်သန်စွာပြောလေသည်။

           " ငါ  ဒီကလေးကို ဘေးမသီရန်မခအောင် ကျွေးမွေးစောင့်ရှောက်ထားတယ်ဆိုရင် သူ( သူတို့ရဲ့ယောကျာ်း) ဟာ နင့်ကလေးလို စဉ်းစားမိမှာမဟုတ်ဘူး……

ပြီးတော့ သူက ငါ့ကို ဘာဒုက္ခမှ ဘယ်လိုထိခိုက်မှုမှ ပေးမှာမဟုတ်သလို နာကျင်အောင်လဲ လုပ်မှာမဟုတ်တော့ဘူး ……

ငါ့အတွက်ဆို အသက်သေရမယ်ဆိုလည်း သူပေးဝံ့မှာ "

(A/N - ပြောချင်တာက ကလေးကို သူလုယူပြီး မွေးစားထားမယ်ဆို သူ့သခင်ကြီးက သူမွေးတယ်ထင်ပြီးတော့ သူ့ကိုစောင့်ရှောက်မယ် လို့ပြောတာပါ)

     " အဲ့ဒါ ငါ့သား !!!! "

သွေးများနှင့် အမျိုးသမီးကဆိုလိုက်သည်။

ထို စူးရှတောက်ပတဲ့ အမျိုးသမီးကလည်း ပြန်လည်ကြည့်ကာ ဆိုလိုက်လေသည်။

        "   ဘယ်လိုပဲဖြစ်ဖြစ် … ကောင်းဝေ့ရန်း …
သူဟာ ဘယ်တော့မှ နင့်ကိုသိလာမှာမဟုတ်ဘူး

သူ တစ်ဖြည်းဖြည်း အသက်အရွယ်ရောက်လာတာနဲ့ အမျှ ငါ့ကို သူ့အမေလိုပဲ ထင်နေမှာ… "

      "  ဘယ်တော့မှ သခင်လေးရဲ့ စိတ်ထဲမှာ နင့်အတွက်နေရာ မရှိစေရဘူး … သူဟာ ငါ့ကိုပဲ အမေလို့ခေါ်စေရမယ် "

အမျိုးသမီးဟာ သူမရဲ့ အသည်းနှလုံးကပင် ဒေါသတွေ အမျက်ချောင်းချောင်းထွက်လာကာ မုန်းတီးမိရင်း အော်ဟစ်လိုက်လေသည်။  

            "  ဒုတိယ …မယားငယ်    !!!!!      "

                ***************

အာသာ အစက မတင်ဘူးလုပ်နေတာပါ
ဒါမဲ့ ဖတ်ရင်းနဲ့ Tran ဖို့ စိတ်ပေါက်လာလို့
ကြင်ယာတော်လေးလည်း အားပေးကြပါဦးနော်
ပထမဦးဆုံး Trans တာမို့လို အမှားပါရင်
ခွှင့်လွှတ်နော် ဒါပဲ
ပြီးတော့ ချစ်ရင်လည်း ကြယ်တွေပေးသွား အာသာကတော့ အားလုံးကို သိပ်သိပ်ချစ် …





ဒုတိယ ကြင်ယာတော် ( Myanmar Translation)Where stories live. Discover now