အခန်း၁၁၂-၁(everyday ပြီးနောက်)

8.4K 155 2
                                    

{ Zawgyi ver }

သုံးလကြာသော်...

ကွမ်လင်မြို့ရှိရွာသားတစ်စုသည်မီးအိမ်များနှင့်လယ်ယာသုံးပစ္စည်းများကိုလက်နက်အဖြစ်ကိုင်ဆောင်ကာတောင်ကုန်းတစ်ခုပေါ်သို့ ဖြည်းညှင်းအေးဆေးစွာတတ်လာကြသည်။

လွန်ခဲ့သောလအနည်းငယ်အတွက်ငြိမ်းချမ်းမှုမရှိသောအမည်မဲ့သုသာန်တစ်ခုသည် တောင်ကုန်းထိပ်၌နေရာယူထားသည်။အစဉ်အလာမပြတ်သရဲခြောက်ခံရသောရွာသားများသည်ကြောက်ကြောက်နှင့်တောင်အောက်သို့မျက်စိတစ်မှိတ်အတွင်းပြေးဆင်းသွားကြလေသည်။ထို့နောက်ရွာသို့​ရောက်လာသောကျင့်ကြံသူများကိုမိမိတို့နှင့်တောင်ပေါ်သို့လိုက်ခဲ့ပြီးသရဲများကိုရှင်းပစ်ရန်အကူအညီတောင်းသည်။

မှောင်ရီသရောအချိန်သို့ရောက်သောအခါ အင်းဆက်ပိုးမွှားများ၏အော်သံများသည်ပို၍ရှင်းလင်းပြတ်သားစွာကြားနေရပါသည်။ခါးအထိမြင့်သောမြက်ပင်များအတွင်း၌'တရှဲရှဲ'အသံများသည်ညအခါ ကြောက်လန့်စိတ်ကို နိုးဆွနေဟန် ..အမည်မသိသောတစ်စုံတစ်ရာသည်
မြက်ထဲ၌ပုန်းအောင်း၍မိမိတို့ကိုတိုက်ခိုက်တော့မည့်အလား။ရွာသားတစ်ဦးသည်ကြောက်လန့်တကြားမီးအိမ်ဖြင့် မြက်ပင်များအတွင်းသို့ခွဲကြည့်သော် ဘာမျှမရှိ..ဒါဟာမှားယွင်းသောနှိုးဆော်မှုတစ်ခုပင်တည်း။

ကျင့်ကြံသူများသည်ဓားများကိုကိုင်ကာရွာသားများအားမြက်ပင်များကိုဖြတ်၍တောထဲသို့ဂရုတစိုက်ခေါ်ဆောင်သွားကြသည်။သစ်တောအတွင်း၌သည် သုသာန်ဖြစ်သည်။သစ်သားဖြင့်သာမကကျောက်တုံးများဖြင့် ပြုလုပ်ထားသောအုတ်ဂူများသည်ပြိုသည့်ဟာကပြို၊မပြိုသည့်ဟာကမပြိုနှင့်။မှောင်မိုက်ပြီးစိတ်ပျက်စရာကောင်းသောလေသည် ထိုအုတ်ဂူများကိုဖြတ်သန်းတိုက်ခတ်သွားသည်။ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကြည့်ပြီးနောက် မိမိတို့၏အဆောင်များကိုထုတ်ပြီးမကောင်းဆိုးဝါးများကိုနှိမ်နင်းရန်ပြင်ဆင်သည်။သူတို့၏အေးဆေးတည်ငြိမ်မှုကိုမြင်တွေ့ရပြီးနောက်ရွာသားများသည်အနည်းငယ်စိတ်သက်သာရာရတော့သည်။

MDZS (Mm trans)Where stories live. Discover now