အခန်း ၁၁၂-၂

4.5K 133 11
                                    

{ Zawgyi ver}

မြေပေါ်မှာ အလောင်းကောင်တွေဟာ တွားသွားရင်း...

သူဟာ သူရဲ့လက်တစ်ဖက်ကိုသစ်ပင်ပေါ်မှာထောက်လိုက်တယ်။လန့်ဝမ့်ကျီးကတော့ထိုသူ့ရဲ့လက်မောင်းနဲ့သစ်ပင်ကြားထဲမှာ ညှပ်နေလေရဲ့..

(ပုံထဲကလိုပေါ့ လူပြောင်းသွားရုံပဲ)

ထိုသူကဆက်ပြောတယ်..

"မင်းကဒီကိုရောက်လာမှတော့..ငါ ငါ...ဟေ့..ဟေ့..ဟေ့!"

လန့်ဝမ့်ကျီးက လက်တစ်ဖက်ထဲနဲ့ ပဲ ထိုသူရဲ့ခါးကိုရစ်သိုင်းကာဖက်လိုက်တယ်...
အခြေအနေကပြောင်းသွားတော့တယ် ..အင်္ကျီအမဲနဲ့သူကရိသဲ့သဲ့နဲ့

"ကောင်းလိုက်တဲ့ ဘဝ,ဟန်ကွမ်ကျွင်း မင်းကအရမ်းစွမ်းအားကြီးတာပဲ ငါတောင်မယုံနိုင်ဘူး ဒါကဘယ်လိုမှမယုံနိုင်စရာပဲလေ ငါ့ကိုတောင် လက်တစ်ဖက်ထဲနဲ့သိမ်းပိုက်နိုင်ပြီးငါတောင်မရုန်းနိုင်အောင်ပါပဲလား ဟန်ကွမ်ကျွင်း..မင်းကတော်တော် ကြောက်ဖို့ကောင်းပါလားနော် "

လန့်ဝမ့်ကျီး : "...."

ဟန်ကွမ်ကျွင်းကအားနဲ့ တင်းကြပ်စွာဖက်လိုက်တယ်..အင်္ကျီအမဲရောင်နဲ့သူဟာ ကြောက်လန့်ဖွယ်အသံနဲ့

"အား..နာလိုက်တာ ဟန်ကွမ်ကျွင်း..ငါ့ကိုလွှတ်.ငါ ငါ နောက်ဒီလိုမျိုးမလုပ်တော့ပါဘူး ငါ့ကိုဒီလိုကြီးမဖမ်းထားနဲ့လေနော်ပြီးတော့ ကျေးဇူးပြုပြီး ငါ့ကိုမချည်နှောင်ထားပါနဲ့ ..ဟင်း ဒါမှမဟုတ် ငါ့ကိုမြေပြင်ပေါ်မှာလုပ်လေ "

ဒီလိုစကားတွေနားထောင်ပြီးနောက်မှာတော့ လန့်ဝမ့်ကျီးမျက်ခုံးတွန့်သွားလေရဲ့..ပြီးတော့သူကကြားဖြတ်ပြီးပြောလိုက်တယ်

"...ဆော့နေတာရပ်တော့..."

ဝေ့ဝူရှန့်က အံ့သြလျက်....

" ဘာလို့လဲ ? ငါလုပ်ထားတာတွေအတွက် တောင်းပန်လို့တောင်မပြီးသေးတာကို ..."

လန့်ဝမ့်ကျီးက

".... နေ့တိုင်းမင်းအရှုပ်ထုပ်တွေအတွက်တောင်းပန်နေတာမဟုတ်လား ? မဆော့နဲ့တော့ ..."

ဝေ့ဝူရှန့်ကသူ့အနားသို့ ကပ်သွားပြီးတိုးတိုးလေးပြောလိုက်တယ်..

MDZS (Mm trans)Where stories live. Discover now