who is the stalker ? (Zawgyi&Unicode)

8.8K 912 10
                                    

သူလဲ လုံးဝကို မရည်ရွယ်ထားပဲ စိတ်ကူးပေါက်ကာ ခေါ်ကြည့်လိုက်ခြင်းဖြစ်ပေမဲ့ စီနီယာက ခပ်တည်တည်နဲ့ ကားပေါ်က ဆင်းကာ  တိုက်ခန်းအောက်ကို ဝင်သွားလေပြီ။

' ကလေး '

' အစ်ကို စီနီယာ ပါတယ် ဟို ကျွန်တော် '

တံခါးလာဖွင့်ပေးသော အစ်ကိုဟာ စီနီယာ့နာမည် ကြားသည်နှင့် ချာခနဲလှည့်ကာ သူ့အခန်းထဲသို့ ပြန်ဝင်သွားလေသည်။

ဒီနှစ်ယောက်ကိုတော့ သူတကယ် ဘယ်လိုလုပ်ပေးမှ အဆင်ပြေမည်လဲ မသိတော့ပါ။

စီနီယာကလဲ ဧည့်ခန်းထဲ ဂရုမစိုက်သလို ထိုင်နေသည်မို့ သူ့မှာ သူ့စကားသူတာဝန်ယူရန် မီးဖိုချောင်သို့ ပြေးရတော့သည်။

အသီးအရွက်များ အသားချောင်းများကို နည်းနည်းစီ လှီးဖြတ်နေချိန် သူတွေးနေမိသည်။
ဟိုမှာ ဒီလောက်ကောင်းတဲ့အစားအစာတွေ နေ့တိုင်းစားနေရတာ ငါ့ခေါက်ဆွဲပြုတ်အစုတ်ပလုတ်လေးကို စားချင်ပါ့မလား မနက်သူ့ကို လာခေါ်ပြီးကတည်းက မိသားစုထမင်းစားဝိုင်းထိ ဘာမှ ဟုတ်တိပတ်တိကို မစားဖြစ်သည်ကို သူ သတိထားမိ၍ ပါးစပ်က လွှတ်ခနဲ ထွက်သွားခြင်းဖြစ်ပေမဲ့

တကယ်ဆို wang yibo ရေ မင်းနဲ့ဆိုင်လို့လား ဆိုင်တစ်ဆိုင်မှာဖြစ်ဖြစ် ခေါ်သွားပြီး ကျွေးရမလား
သူကကော ဘာလို့လိုက်လာတာလဲ ဒါမှမဟုတ် ထမင်းပဲ ပြင်ဆင်လိုက်ရမလား ?

ရုတ်တရက်မို့ အိမ်မှာ ဈေးဝယ်ထားသည်လည်း များများစားစားရှိမနေပါ။

သူ့အာရုံနဲ့သူ အလုပ်ရှုပ်နေစဉ်

' ပြီးပြီလား စားလို့ရတော့မှာလား '

လက်နှစ်ဖက် နောက်ပစ်ကာ ထမင်းစားခန်းကို လှည့်လည်ကြည့်ရှုတော်မူနေသော ဝန်ကြီးစတိုင်နှင့် စီနီယာက ဝင်လာသည်။

' ဟို ပြီးတော့မှာ စီနီယာ ခဏပဲစောင့်ပေး '

' ဒါဆို ဒီမှာပဲ ထိုင်စောင့်မယ် ငါ ဗိုက်ဆာနေပြီ'

သူတို့ညီအစ်ကို နှစ်ယောက်အတွက် ကွက်တိလောက်ပဲ size ရှိသည့် စားပွဲခုံနှင့် ထိုင်ခုံနှစ်လုံးသည် အရင်က ဒီလောက်သေးသည်ဟု မထင်ရခဲ့သော်လည်း စီနီယ့ာ အိမ်က ပြန်လာပြီးသည့်နောက် သူ့မျက်စိထဲ တကယ်သေးသေးလေးဟု မြင်နေသည်။

Heaven in your eyes (Completed)Where stories live. Discover now