The tide rises the tide falls

5.7K 597 21
                                    

(Zawgyi)

ရှောင်းကျန့် မျက်စိကိုဖွင့်လိုက်တာနဲ့
ကပ်လာတဲ့ အသိနဲ့
တစ်ခါတည်း လိုက်ပါလာတဲ့ နာကျင်မှု။

တစ်ကိုယ်လုံး အောင့်တက်သွားတာမို့ ချက်ချင်း မလှုပ်ရှားရဲပဲ မျက်စိမှိတ်ရက်သားနဲ့ပဲ အသက်ကို ဖြေးဖြေးချင်း ရှူသွင်း ရှူထုတ်နေလိုက်တယ်။

အိပ်ရေးက မဝသေးပေမဲ့ အိပ်နေတုန်း မသိစိတ်နဲ့ လှုပ်ရှားမိလိုက်တိုင်း ကိုက်ခဲနေတာကြောင့် နိုးလာတာပဲ။

အပြင်ကို ကြည့်လိုက်တော့ လိုက်ကာတစ်ဝက်တစ်ပျက်ကြားထဲက မြင်နေရတာ မိုးစင်စင်လင်းနေပြီ။

ဘေးက အေးစက်ပြီး လစ်လပ်နေတဲ့ နေရာကြောင့် သူ အနည်းငယ် ကိုယ်ကို ရွှေ့လိုက်ရင်း အခန်းကို ဝေ့ဝိုက်ကြည့်လိုက်တော့ sofaပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ ရိပေါ်။

အပေါ်ပိုင်းက ဗလာမို့ ခပ်လှမ်းလှမ်းကတောင် သိသာနေတဲ့ လည်ပင်းက နီစွေးနေတဲ့ သူ့သွားရာကြောင့် ကျေကျေနပ်နပ်ပြုံးမိလိုက်တယ်။

ကောင်စုတ်လေးက ရှိသမျှ စောင်တွေအကုန် သူ့ကို ခြုံပေးထားပြီး အချမ်းခံနေတာပဲ။

အကုန်စိုရွှဲသွားတဲ့ အကျီတွေနဲ့ အခြောက်ခံဖို့ နည်းနည်းလေးတောင် အာရုံမရတဲ့ နှစ်ယောက်သား အဖြစ်ကြောင့် အကျီတွေက ဘာမှ ကောင်းကောင်း ဝတ်လို့ရမှာ မဟုတ်သေးဘူး။

မနေ့ညက အဖြစ်အပျက်တွေ ခေါင်းထဲ အစီအရီ ရောက်လာတယ်။ တကယ်ပဲ သူ ဒီကောင်လေးဆီမှာ ဘယ်နှစ်ခါတောင် ခံလိုက်ရတာလည်း
ဒါပေမဲ့ … ဒါပေမဲ့လည်း သူ့နှတ်ခမ်းပေါ်က အပြုံးတွေက တော်တော်နဲ့ မပျောက်နိုင်သေးဘူး။

အတွေးတွေနဲ့ အလုပ်ရှုပ်နေတဲ့သူကို ရုတ်တရက် ခုတင်ဘေး စားပွဲပေါ်က လင်းလာတဲ့ဖုန်းက နှောင့်ယှက်လာတယ်။

Missed callပေါင်း ဘယ်နှစ်ခုတောင်လည်း
သူ့အိမ်က ခေါ်ထားတာ နည်းနည်းနဲ့ နောက်ထပ် အခု သုံးဆယ်ကျော်လောက်က ဟိုလူဆီက။
ညဘက် ဟိုတယ်ရောက်ကတည်းက အသံပိတ်ထားခဲ့တာ သူ့ကိုယ်သူ ဆုချရမယ်။

ထင်တဲ့အတိုင်းပါပဲ။

သူ ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်လူကို ပြောခွင့်မပေးဘဲ

Heaven in your eyes (Completed)Where stories live. Discover now