sharing a part of me (Zawgyi&Unicode)

6.9K 837 34
                                    

တုန်ယင်နေသော စီနီယာ၏ နှုတ်ခမ်းများမှ ထွက်လာမည့် စကားသံများကို သူနားမထောင်ရက်တော့ပါ။

ဒီအချိန်မှာ မျက်ရည်လည်ရွှဲ ချွေးများဖြင့် စိုနစ်နေသော စီနီယာ့ပုံစံက မကြည့်ရက်နိုင်လောက်အောင် သနားဖို့ကောင်းနေသည်။

စံပြကျောင်းသား သူဋ္ဌေးသား အပြုံးချိုချိုတို့ရဲ့ ပိုင်ရှင် လိုလေသေးမရှိ ပြည့်စုံသူဟု လူအများ ထင်ထားသော နောက်ကွယ်မှာ  စိတ်ဒဏ်ရာများ
စိတ်မလုံခြုံမှုများ အတိတ်ကိုကြောက်ရွံ့မှုများနှင့်အတိ ပြည့်နှက်နေခဲ့သည်ပဲ။

ခုအချိန် wang yiboစိတ်ထဲမှာ ထိုတစ်ယောက်ကို အရမ်းပင် နှစ်သိမ့်ပေးချင်သည်။
အကုန်လုံးဟာ ပြီးသွားပြီဖြစ်ကြောင်း နောက်လည်း အဆင်ပြေသွားမှာဟု ထပ်ခါထပ်ခါ ပြောပြချင်သည်။

သူနဲ့သူ့အစ်ကိုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ဝမ်းနည်းစရာတွေ ဝေမျှကြတာပဲ။
သူ့ထက် အနည်းငယ်မျှ သေးသွယ်သော စီနီယာ့ကို သူ ပွေ့ဖက်ပြီး အားပေးလိုက်ရင်ကော ကောင်းပါ့မလား သူ့အပြုအမူက ထူးဆန်းသွားရင် အထူးသဖြင့် စီနီယာ မကြိုက်ရင်ကော ?

ဒီလိုအချိန်မှာ သူစကားများများပြောတတ်ချင်သည်။
စကားလဲ မဖွဲ့နွဲ့တတ်သော သူ့ကိုယ်သူ အားမရသလို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသော အတွေးတွေနှင့် သူပါ ငိုချင်လာသလို။

'အစ်ကို ထပ်မပြောချင်လည်း ရပါတယ် '

မျက်ရည်များသုတ်ကာ သူ့ကိုမော့ကြည့်သည့် စီနီယာ မျက်ဝန်းများက အထိခိုက်မခံနိုင်သော ယုန်ပေါက်လေးတစ်ကောင်လိုဖြစ်နေပြီး စိတ်မကောင်းစရာ နီရဲနေခဲ့သည်။

' ဒါနဲ့ ကျွန်တော်ကလေ စိတ်ကို ဖတ်နိုင်တယ်သိလား '

xiao zhan နှပ်ချီးတစ်ရှုံ့ရှုံ့ဖြစ်နေသည်ကို ဖြေရှင်းရန် တစ်ရှူးထုပ်ကို သူ့အိတ်ကပ်ထဲတွင်သူ အသည်းအသန်လိုက်စမ်းနေချိန်တွင် ကြားလိုက်ရသော စကားသံက။

' ဟင် '

သူ့နားသူ မယုံနိုင်ပါ။ယုံစရာလား ဒီကောင်လေးကတော့ !

Heaven in your eyes (Completed)Where stories live. Discover now