ပူပြင်းလှသောနေပူရှိန်ကြောင့်လူတွေနေရခက်နေပြီး
ပူနွေးသောလေများကလည်း တဖြူးဖြူးတိုက်နေသောကြောင့်လူများချွေးစီးများကျကာ မနက်၈နာရီ ဟုမထင်ရလောက်အောင် ပူလောင်မှုက ငရဲပြည်ရောက်နေသည့်အလားချယ်ရီတစ်ယောက်သူ့အကိုအတွက်ဆေးထုပ်တစ်ထုပ်နှင့်Busကားပေါ်၌ဖုန်းထဲက Blကားကိုကြည့်ကာ တစ်ယောက်ထဲပြုံးနေမိသည်။ဘေးကလူတွေကြည့်နေသည်ကိုဂရုမစိုက်မိပေ။
နေပူလွန်း၍Busကားပေါ်ကလူတွေချွေးထွက်ကာအိုက်နေစဉ် ပူသည်မရှိအိုက်သည်မရှိ အကျီအထူကြီးနှင့်နားကျပ်တပ်ကာBl ကားကိုပျော်ပျော်ကြီးကြည့်နေသောချယ်ရီအားအံ့အားသင့်နေကြသည်
ချယ်ရီသည်ရယ်လိုက်ပြုံးလိုက်ဖြင့်အလုပ်ရှုပ်နေလေသည်။
"ဦးလေး သမီးဆင်းတော့မယ်"
ကျွီချယ်ရီBusကားပေါ်ကဆင်းပြီးအိမ်ထဲသို့်ဝင်သည်။
"အကို အမေဘယ်သွားလဲ"
"အမေရှိဘူး အလုပ်သွားတယ်ညီမလေး "
"ကိုသက် နင်နေမကောင်းတာသက်သာပီလား"
"အေး သက်သာပါတယ် ဒါပေမယ့် ခေါင်းနည်းနည်းကိုက်နေတယ် နင်ကျောင်းသွားချင်သွားလေဟာ ငါပြီးမှဆာရင်ခေါက်ဆွဲပြုတ်စားလိမ့်မယ်"
"အမေကလည်းမရှိဘူးဆိုတော့ညီမလေးသွားပြီနော် ကိုသက် နင့်ဘေးမှာငါဆေးနဲ့ရေထားခဲ့တယ် ပေါင်မုန့်နဲ့ကော်ဖီထုပ်ရော ရေနွေးက စားပွဲပေါ်မှာ"
"အေး အေး"
ယခင်ကကိုသက်နှင့် ချယ်ရီတို့မောင်နှမနှစ်ယောက်သည်တစ်ယောက်နဲ့တစ်ယောက်သတ်ပစ်ချင်လောက်အောင်မတည့်ကြပေမယ့် ကိုသက်ကခဏခဏ နေမကောင်းဖြစ်တော့ ညီမဖြစ်သူကဂရုစိုက်ရသည်။
ချယ်ရီအတွက်မန္တလေးကနေပြောင်းလာကတည်းကကျောင်းတက်ရမည်မှာပထမဆုံးနေ့ဖြစ်ရာစိတ်လှုပ်ရှားနေခဲ့သည်။
ကိုသက်သည်ရန်ကုန်ကျောင်းကိုလွန်ခဲ့တဲ့တစ်လတည်းကတက်နေသော်လည်းချယ်ရီသည်အခုမှ ကျောင်းပြောင်းလာခဲ့သည့်ကျောင်းသူတစ်ယောက်ဖြစ်သည်။
ကျောင်းပြောင်းခံရသည်ကပိုမှန်ပေလိမ့်မည်။
YOU ARE READING
What's Wrong Between Her Ex-Boyfriends?(အနမ်းပုံပြင်💖)
Teen FictionNote This is my first Boy Love and Romance Story 😘 BL ပါနော် မသိမှာဆိုးလို့ 😍 ငယ်ငယ်လေးကတည်းကပြန်ပေးဆွဲမှုတစ်ခုကြောင့် ခေါင်းထိခိုက်ပြီး အတိတ်ကအကြောင်းအရာတွေကို မေ့နေခဲ့တဲ့.....နေဆုပိုင် မိခင်မေတ္တာကိုတောင်းတခဲ့သော်လည်း မရခဲ့သောကြောင့် သူ့ကို အားေ...