လွန်ခဲ့သော16 နှစ်ခန့်က............
"ကျော်စွာလေး ကျော်စွာလေးရေ"
နာမည်ခေါ်ကတည်းကအော်ငိုနေသည်။"မငိုနဲ့လေ သားကလည်း ဘာလို့ငိုနေတာလဲ
မေမေက ပြန်လာမှာပါ "ကျော်စွာ၏အဒေါ်ဖြစ်သူလည်းချောရတာအခါမနည်းတော့စိတ်မရှည်တော့ချေ။
"ကျော်စွာထူး တိတ်လို့ပြောနေတယ် အန်တီ စိတ်မရှည် တော့ဘူးနော်"
"ကလေးကငယ်သေးပါတယ် မဆူပါနဲ့ နွယ်ရယ်"
"မဆူလို့မရတော့ဘူး ချော့ရတာအခါပေါင်းမနည်းတော့ဘူး"
"သား နေဆု ညီလေးကိုခေါ်လိုက်ဦး"
"ညီယေး ရော့မုန်စား"
"ကျော်စွာ အကိုကပေးနေတာ ယူလိုက်လေ"
"မငိုနဲ့တော့နော် ညီယေး"
ကလေးကမုန့်ကိုယူကာ "ဟုတ်"
"အမလေး နေဆုကမုန့်ကျွေးတော့မငိုတော့ဘူး"
"နွယ် သူ့အမေဘယ်သွားတာလဲ"
"တင်နွယ်လား မပြောချင်ပါဘူး U.Sကအဒေါ်ဆုံးလို့
တဲ့ အပြေးသွားတယ် ကလေးကအိပ်နေလို့ဆိုပြီး
ထားခဲ့တယ်""ဟယ်ကလေးက နို့ဆာနေရင်ရော"
"နို့ဖြတ်ထားတာကြာပြီ"
ထိုအချိန်ကတည်းက ကျော်စွာမိခင်မေတ္တာကို မရရှိခဲ့
အဒေါ်ကသာစောင့်ရှောက်ရသည်။ဒေါ်တင်နွယ်သည်တစ်လတစ်ခါပြန်လာလေ့ရှိပြီးကလေးကိုပင်မချီနိုင်လောက်အောင်အလုပ်ရှုပ်နေ၏။U.Sကအဒေါ်ဆုံးလို့ ဆိုသည်မှာအကြောင်းပြချက်တစ်ခုသာ
အလုပ်ကိုပဲသည်းကြီးမည်းကြီး ဒေါ်တင်နွယ်လုပ်ပြီး ပြန်လာလျှင်သားဖြစ်သူကျော်စွာအား "အမေရှာနေတာသားအတွက်"ဟုသာပြောပြီးသားကိုအရေးမလုပ်ပေ။ ထိုသို့အလုပ်လုပ်နေသည်မှာသူမ၏ယောက္ခမ
ကဆီတွင် မတူဘူး မတန်ဘူးဟုအနှိမ်ခံ အဆိုခံရပြီးယောကျာ်းဖြစ်သူသေဆုံးသွားသောအခါ သူမ၏
ဘဝနှင့်စိတ်ထားအားပြု ပြင်လိုက်ခြင်းပင်။မိခင်မေတ္တာကို ငယ်ငယ်လေးကတည်းက မရခဲ့သောကျော်စွာသည် အချိန်ကြာလာတာနဲ့အမျှ မည်သူကိုမျှကြည်ကြည်ဖြူဖြူမရှိပေ။
![](https://img.wattpad.com/cover/197152814-288-k611486.jpg)
YOU ARE READING
What's Wrong Between Her Ex-Boyfriends?(အနမ်းပုံပြင်💖)
Teen FictionNote This is my first Boy Love and Romance Story 😘 BL ပါနော် မသိမှာဆိုးလို့ 😍 ငယ်ငယ်လေးကတည်းကပြန်ပေးဆွဲမှုတစ်ခုကြောင့် ခေါင်းထိခိုက်ပြီး အတိတ်ကအကြောင်းအရာတွေကို မေ့နေခဲ့တဲ့.....နေဆုပိုင် မိခင်မေတ္တာကိုတောင်းတခဲ့သော်လည်း မရခဲ့သောကြောင့် သူ့ကို အားေ...