Chapter - 88 (Extra) Part 1

40.3K 2.1K 259
                                    

" လော့ နဲ့ ရှန် အပြန်အလှန် မေးခွန်း ၁၀၀ ကို တစ်ပတ်ရိုက်ခြင်း " ( အပိုင်း ၁) 《Zawgyi》

မေးခွန်း အမေးခံရသူ : လော့ပင်းဟယ် × ရှန်ချင်းချိုး
မေးခွန်း မေးသူ : ကောင်းကင်ကို ဆန်တက်မယ့် လေယာဉ်ပျံ
မေးခွန်းပေးသူ : System

ကောင်းကင်ကို ဆန်တက်မယ့် လေယာဉ်ပျံရဲ့ system က mission တစ်ခုပေးလိုက်ပါတယ်။ အဲ့ဒါကတော့ အရမ်းထူးဆန်းတဲ့ မေးခွန်းစစ်တမ်းလွှာပါ။ မေးခွန်းစစ်တမ်းလွှာက ဘာကို စုံစမ်းစစ်ဆေးနေလဲ မပြောနိုင်သလို မေးလေလေ မေးခွန်းတွေကို မကြည့်နိုင်လေလေပါပဲ။

ဘယ်လိုပဲ မေးခွန်းတွေကို ကြည့်ဖို့ သည်းမခံနိုင်ဖြစ်ပေမယ့်လည်း သူ point တွေ စုရဦးမယ်မလား!

သူ့ရဲ့ ဂုဏ်သိက္ခာတွေကို ဘေးချိတ်ရင်း ( အရင်ကတည်းက ဘယ်လောက်မှ မကျန်ပေမယ့်လည်း)
Shen-dada ကို အသနားခံပြီးနောက်မှာတော့ ရှန်ချင်းချိုးက အင်တင်တင်နဲ့ သူ ပြုစုပျိုးထောင်ထားတဲ့ pet လေး, အယ် မှားလို့ , သူပြုစုပျိုးထောင်ထားတဲ့ တပည့်လေးကို ခေါ်ပြီး မေးခွန်းစစ်တမ်းကို ဖြေဖို့ သဘောတူခဲ့ပါတယ်!

ထို့ကြောင့် အောက်ပါများကတော့ လေယာဉ်ပျံရဲ့ အင်တာဗျူးကို တိုက်ရိုက် အနက် ပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်!

ရှမ်ချင်းဟွား : " နာမည်ဘယ်လိုခေါ်ပါသလဲခင်မျာ"

လော့ပင်းဟယ် ထိုင်ချလိုက်ပြီးပြီးချင်း မေးခွန်းကြားလိုက်ရ၏။ သူ မျက်ခုံးတစ်ဖက်ပင့်ပြီး အလိုမကျစွာဖြင့် ပြောလိုက်သည်
" မင်း ငါ့နာမည်တောင် မသိရင်.. ဒီအင်တာဗျူးက ဘာလုပ်ဖို့လဲ!"

ရှမ်ချင်းဟွား : " အသက်ဘယ်လောက်လဲ?"

....... အမှန်အတို်င်း ပြောရမယ်ဆို ရှန်ချင်းချိုး ဒီခန္ဓာကိုယ်ရဲ့ အသက်အတိအကျကို မသိပေ။ သူခေါင်းကို မော့လျက် ရှမ်ချင်းဟွားကို ဆိုလိုက်သည်
" မင်းက ငါ့ထက်ပိုသိသင့်တာ မဟုတ်ဘူးလား!"

ရှမ်ချင်းဟွား သူ့ စာရေးစုတ်တံလေးကို လှည့်ရင်း အတွင်းကျိတ် ငိုကြွေးလိုက်သည်။ ဒီလို မေးလိမ့်မယ်လို့ သူကြိုတွေးမထားမိ။ ဘာဖြစ်ဖြစ် ချသာရေးလိုက်မယ်ဆိုကာ ကြုံရာ နံပါတ်တစ်ခုချရေးလိုက်သည်။

Scum Villain's Self Saving System Extra Where stories live. Discover now