Chapter 88 (Extra) Part 2

22.1K 1.8K 190
                                    

" လော့ နဲ့ ရှန် အပြန်အလှန် မေးခွန်း ၁၀၀ ကို တစ်ပတ်ရိုက်ခြင်း " (အပိုင်း ၂) 《Zawgyi》

🚨 ဤအပိုင်းကို ၁၈ယောက်စုပြီး ဖတ်သင့်လျှင် ဖတ်ပါ 🚨

နောက်ဆက်တွဲ မေးခွန်းများက လွန်လွန်ကဲကဲဖြင့် သူတို့မေးလေလေ အဆုံးမရှိလေလေဖြစ်ကာ ခါးအောက်ပိုင်းဆီသို့ အပြေးအလွှား ရောက်သွားလေသည်။

ရှမ်ချင်းဟွား လည်ချောင်းရှင်းပြီး : " အစ်ကိုက Gong (ပြုလုပ်သူ) လား Shou (ခံရသူ) လား ဆိုတာ မေးလို့ရမလား!"

လော့ပင်းဟယ် ကြားလိုက်သောအခါ စိတ်ရှုတ်သွားသည်။ " အဲ့ဒါ ဘာအဓိပ္ပါယ်လဲ?"

သူ တကယ်နားမလည်သည့်အချိန်တွင် ရှန်ချင်းချိုးကတော့ နားမလည်ချင်ယောင်ဆောင်နေလေသည်။ ထို့နောက် သူ့ ယပ်တောင်ကို ဝေ့ရမ်းလျက် ပြောလိုက်၏။
" သူဘာပြောချင်လဲ ဘယ်သူသိမှာလဲ.. ကျော် ကျော် ကျော်!"

ရှမ်ချင်းဟွား : " ဘာလို့ အစ်ကိုက ဆုံးဖြတ်တာလဲ?"

ရှန်ချင်းချိုး ခဏ အချိန်ယူ စဉ်းစားလိုက်ပြီး
" ငါလည်း မသိဘူး! အဲ့ဒါက တစ်နည်းနည်းနဲ့ တစ်နေရာရာမှာ လုပ်ရင်းကိုင်ရင်း ဆုံးဖြတ်သွားတာပဲ! ဖြစ်နိုင်တာက....... သူက သနားစရာကောင်းနေလို့!"

လော့ပင်းဟယ် မရေမရာနှင့် ပြောလေသည်။
" ကျွန်တော်အခုထိ ဘာကိုမေးတယ်ဆိုတာကို မသိသေးဘူး"

ရှန်ချင်းချိုး လော့ပင်းဟယ် ခေါင်းကိုပုတ်ကာ ရိုးသားစွာ အလေးအနက် ပြောလိုက်၏။
" မင်း နားမလည်လဲ ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် မင်း ဘာမှ မဆုံးရှုံးပါဘူး!"

ရှမ်ချင်းဟွား : " ဘယ်နေရာမှာ ပထမဆုံး အသား အသားချင်းထိတွေ့ခဲ့ကြတာလဲ?"

ရှန်ချင်းချိုး ဖြေခါနီးဆဲဆဲမှာ လော့ပင်းဟယ်က လုဖြေလိုက်သည်။ " ချင်းကျင်းတောင် "

ရှန်ချင်းချိုး : " မြေမြုပ်....."

လော့ပင်းဟယ် ထပ်ပြီး အလျင်စလို ဝင်ဖြေလိုက်ပြန်၏။ " ချင်းကျင်းတောင်, ဝါးအိမ်လေးမှာ"

ရှန်ချင်းချိုး မိမိဘာသာတွေးလိုက်မိသည်။ ဟုတ်ပါပြီ.. လော့ပင်းဟယ်က ပထမဆုံးအကြိမ် အရေးနိမ့်တယ်ဆိုတာကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး။ သူက ချင်းကျင်းတောင် ဆိုတော့လည်း ချင်းကျင်းတောင်ရတာပေါ့! လိုက်ငြင်းနေလို့လည်း ဘာမှ အရေးအရာရောက်တာမဟုတ်။ သူ့အဖြေကိုပဲ နောက်ကလိုက်လိုက်ပြီး အမှန်ပြင်ပေးဖို့ မေ့ထားလိုက်ရအောင်။

Scum Villain's Self Saving System Extra Where stories live. Discover now