Extra " Resentment of Chunshan; Song of BingQiu "

22.4K 1.3K 169
                                    

<Zawgyi ver>

🚨🚨🚨 Warning 🚨🚨🚨

《 ဒီ Extra ကို ပြည့်လည်း အချိန်အတော်ကြာယူ စဉ်းစားပြီးမှ စာလုံးတွေကိုလည်း တိုက်ရိုက် tran ထားတာမို့ အသက်မပြည့်သေးတဲ့ ကလေးတွေ လုံးဝမဖတ်ပါနဲ့! ၁၈ နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါနော်! 》

[ ဒီအပိုင်းက Return to Childhood ရဲ့ အဆက်လေးပါ]
.....................

" နေဦး! ခဏလောက် စိတ်ထိန်းပါဦး"

ရှန်ချင်းချိုး ခြေထောက်ကြားမှ ခန္ဓာကိုယ်က အနည်းငယ် တိုးဝင်လာလျက်...
လော့ပင်းဟယ် ပြောလေသည်။
"ဒါပေမယ့် ဒီတပည့်က ဒီနေ့အစောပိုင်းကတင် စိတ်ဝင်စားစရာကောင်းတာလေး တွေ့လိုက်လို့ .. ရက်အနည်းငယ်လောက် စိတ်ထိန်းနိုင်မယ်မထင်ဘူး! ဘယ်လိုလုပ်ရမလဲ ရှစ်ဇွမ်း?"

တစ်လလောက် နာလန်ထူလာပြီးနောက် နောက်ဆုံးတော့ လော့ပင်းဟယ် မူလခန္ဓာကိုယ်သို့ ပြန်ရောက်သွားလေပြီ။ ဒီနေ့ သူ့အတွက် အဆုံးသတ်ကောင်းမည်မဟုတ်ဟု ရှန်ချင်းချိုးသိသော်လည်း တည်ငြိမ်စွာနှင့်ပင် ပြောလိုက်၏။
"ဒါက လွယ်ပါတယ်.. အဲ့ဒါဘာဖြစ်ဖြစ် မင်းရဲ့ဆရာကို အရင် ပေးကြည့် ပြီးတော့ ငါတို့အတူတူ လေ့လာလို့ရတာပဲ.. အဲ့တော့ အရင်သေချာပြန်ထိုင်ပြီး စကားကောင်းကောင်းပြောရအောင်"

လော့ပင်းဟယ် ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးအကြောင်းကို မကြားချင်ယောင်ကာ
" ကျွန်တော်နားလည်ပါပြီ.. အဲ့ဒါဆို ရှစ်ဇွမ်းကို ပြမယ်နော်!"

သူ အေးဆေးစွာဖြင့် စာအုပ်ပါးလေးတစ်အုပ်ကို ထုတ်လိုက်၏။

အဖုံးက ပန်းပွင့်များစွာနှင့် အစိမ်းရောင်လေး။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဤစာအုပ်က အလွန် အပြင်အဆင်လွန်ကဲပြီး တစ်နည်းနည်းနှင့်လည်း ရင်းနှီးနေသလိုလို။

ရှန်ချင်းချိုး စာအုပ်ကို သင်္ကာမကင်းစွာ ကြည့်နေစဉ်မှာပင် လော့ပင်းဟယ်က စာအုပ်ကို လှန်ကာ သူ့ခါးကို မတ်လိုက်ပြီး ကြည်လင်သောအသံဖြင့် ကျယ်လောင်စွာ ဖတ်လေသည်။

"..... နေဝင်ရီတရော အချိန်ကုန်သွားသည့်နောက် လော့ပင်းဟယ် သူ့အိပ်ရာပေါ်လှဲကာ ဟိုလှိမ့်ဒီလှိမ့် လုပ်နေလေ၏။ သူက အေးစက်တဲ့ ဂိုဒေါင်ထဲမှာ အိပ်ရတာကို အသားကျနေပြီး ရုတ်တရက် အိပ်ရာအစစ်ဖြင့် အိပ်ရသောအခါ မအိပ်နိုင်ဖြစ်နေလေသည်။ အထူးသဖြင့် သူအရမ်း မြတ်နိုးရသော ရှစ်ဇွမ်းက လိုက်ကာ အကာလေးတစ်ခုခြားစာ သိပ်မဝေးသောနေရာတွင် လဲလျောင်းနေသောကြောင့်ပင်။ နေ့အချိန်က သူရရှိခဲ့သော ဂရုစိုက်မှုတွေ အာရုံစိုက်မှုတွေက သူ့မျက်လုံးရှေ့တွင် မြင်ယောင်လာပြီး သူ့ရင်ထဲတွင် မီးများ လောင်မြိုက်နေသလို လောင်ကျွမ်းကာ... တဖြည်းဖြည်း ပိုမို ပြင်းပြလာကာ.... "

Scum Villain's Self Saving System Extra Where stories live. Discover now