Extra : " Tale of Marriage" (Unicode)

7.8K 833 143
                                    

[ဒီ extra လေးက မူရင်း story ပြီးသွားတာနဲ့ လာတဲ့ extra လေးပါ]

🚨🚨 warning warning ၁၈ယောက်စု ၁၈ယောက်စု 🚨🚨

ရှန်ချင်းချိုး ယပ်တောင်ကို ယမ်းကာ လမ်းလျောက်လာလေ၏။ ရုတ်တရက် သူ့ဘေးနား ကပ်လျက်ပါနေသော လူလေးကို မတွေ့တော့သောကြောင့် နောက်လှည့်ကြည့်လိုက်သည်။

လော့ပင်းဟယ် ရပ်လျက်ကျန်နေ၏။ သူ၏ အာရုံကလည်း တစ်ခြားနေရာတွင်။

ရှန်ချင်းချိုး ဇဝေဇဝါဖြစ်ကာ မေးလိုက်လေသည်။
" ပင်းဟယ်! ဘာတွေကြည့်နေတာလဲ?"

ထိုအမေးစကားကြောင့် လော့ပင်းဟယ် လက်တွေ့ဘဝကို ပြန်လည်ရောက်ရှိလာတော့သည်။ အနည်းငယ် ကြက်သေသေနေသော ပုံလေးနှင့်
" ရှစ်စွမ်း... ကျွန်တော်..."

ရှန်ချင်းချိုး ပို၍ ဇဝေဇဝါဖြစ်လာသောကြောင့် နောက်သို့ ပြန်လျောက်သွားကာ လော့ပင်းဟယ် ငေးနေသော နေရာသို့ ကြည့်လိုက်၏။ အတော်အသင့်ကျယ်သော အိမ်တစ်အိမ်ရှေ့၌ အနီရောင်ဝတ်ဆင်ထားသော ကြင်စဦးမောင်နှံရှေ့တွင် လူအများစုအုံကာ ဆူဆူညံညံဖြင့် ခြံဝိုင်းထဲသို့ ဝင်နေကြလေသည်။

လမ်းက နဂိုကတည်းက ဆူညံနေသောကြောင့် မင်္ဂလာဆောင် ရှိသည်ကို သူအစက သတိမထားမိ။

အိမ်၏ အဝင်ဝ၌ ကလေးမလေးနှစ်ယောက်က ခြင်းတောင်းကိုကိုင်လျက် ပြတ်သားကျယ်လောင်သော အသံဖြင့် "ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်နိုင်ကြပါစေ" " ပျော်ရွှင်မှုတွေ ကူးစက်နိုင်ပါစေ" ဟုဆိုကာ မင်္ဂလာသကြားလုံးများကို ဝေနေကြ၏။

ရှန်ချင်းချိုး၏ အတွေးက တကယ့်အခြေအနေကောင်းကို ဖျက်ဆီးပစ်လိုက်သည်။
" ဒီမိသားစုက မိစ္ဆာကပ်ဆိုးတွေများ ကူးစက်ခံရလို့များလား... "

သို့သော် သူဘယ်လိုပဲကြည့်ကြည့် မူမမှန်တာကို ရှာမတွေ့ရပေ။ သူ့မေးခွန်းက ပါးစပ်ဖျားလေးမှ ထွက်ခါနီး လော့ပင်းဟယ်ကတော့ သူတို့ဆီသို့ လျောက်သွားလေတော့သည်။ ကလေးမလေးနှစ်ယောက်က ထိုကဲ့သို့ လှပသော ကောင်ချောလေးကို မမြင်ဖူးသောကြောင့် နှစ်ယောက်လုံး အသက်ရှူမှားနေကြကာ မင်္ဂလာသကြားလုံး ပေးရမည်ကိုပါ မေ့သွားကြလေ၏။ အဆုံး၌ လော့ပင်းဟယ်က သူတို့လက်ထဲမှ ကိုယ်တိုင် လှမ်းယူရလေတော့သည်။

Scum Villain's Self Saving System Extra Where stories live. Discover now