.1.

26.9K 947 33
                                    

May 27 2019

လစ်ဟာနေတဲ့ ခံစားချက်တွေနဲ့ ဒီနေ့လဲ အိပ်ရာနိုးလာရပြန်တယ်။
လက်ကိုဆန့်ထုတ်ပြီး ဘေးနေရာကို စမ်းကြည့်တော့ သူမရှိတော့ဘူး ဆိုတဲ့ အသိက ချက်ချင်းဝင်လာတယ်။
ဖြစ်နိုင်မယ်ဆို ဘယ်တော့မှ နိုးထမလာချင်တော့ဘူး။ အိပ်မက်ထဲမှာဆို သူ့ကိုတွေ့နိုင်မှာမို့ အမြဲပဲ အိပ်နေချင်တော့တယ်။

စိတ်မပူနဲ့ ကော ။ ကျွန်တော် နှလုံးခုန်နေသေးတယ် ဒီနေ့လဲ ပင်ပင်ပန်းပန်း အသက်ဆက်ရှူနေရဦးမယ်။

ဒီနေ့နဲ့ဆို 7ရက်ရှိပြီ။ ရှောင်ကျန့် မရှိတော့ကတည်းက ရိပေါ်က စက်ရုပ်တစ်ရုပ်လို အသက်ရှင်တယ်။ အိပ်ရာထတယ်။ အလုပ်သွားတယ်။ အလုပ်က ပြန်လာရင် ကျန့်ကောဆီ ဝင်တယ်။နောက် တိုက်ခန်းကို ပြန်တယ်။

ရိပေါ် အချိန်တွေကို ဂရုစိုက်မနေတော့ဘူး။
ဘယ်နှစ်နာရီဖြစ်ဖြစ်။ရင်ထဲ အမြဲမွန်းကျပ်နေတတ်တယ်။ အိမ်ပြန်နောက်ကျမှာလဲ ပူမနေဘူး။တစ်စုံတစ်ယောက်ကစောင့်မနေတဲ့ အေးစက်ပြီး အထီးကျန်တဲ့ တိုက်ခန်းကို ရိပေါ် တကယ်မပြန်ချင်ပါဘူး။

အလုပ်နဲ့ တိုက်ခန်းက လမ်းလျှောက်ရင် မိနစ်၄၀လောက်လျှောက်ရတယ်။ မြေအောက်ရထားစီးရင်တော့ မိနစ်၂၀လောက်ပဲ ကြာတယ်။ ဒါမဲ့ မိနစ်၄၀ ကြာတဲ့ ခြေလျင်သွားရတာကိုပဲ ရိပေါ် ရွေးတယ်။ လမ်းလျှောက်ရင်း ကောအကြောင်းကို တွေးတယ်။

ရိပေါ် အိမ်ပြန်လမ်း အထင်နဲ့ လျှောက်လာခဲ့ပေမယ့် ကောဆီရောက်နေပြန်တယ်။ အကန့်လေးတွေ အစီအရီရှိတဲ့ မှန်ဘောင် ဗီဒိုတစ်ခုရှေ့မှာ ခြေအစုံကို ရပ်ထားတယ်။ ရိပေါ် ရှေ့တည့်တည့်မှာရှိတဲ့ မှန်အကန့်ထဲ ကောက တောက်တောက်ပပ ပြုံးနေတယ်။
ပြန်မဖြေမှန်း သိပေမယ့် စကားတွေအများကြီး ပြောမိတယ်။
ကော က ကျွန်တော့်စကားတွေကို နားထောင်မနေတော့ဘူး။

ပြုံးနေတဲ့ ကောကို ကြည့်ရင်း ရိပေါ် ပြင်းပြင်းပြပြနဲ့ ဆုတောင်းမိတယ်။ တကယ်ပဲ နတ်ဘုရား တည်ရှိတယ် ဆိုရင် အချိန်တွေကို နောက်ပြန်ဆုတ်ချင်တယ်။ နောက်ပြန်ဆုတ်ပြီး ကောကို ကယ်မယ်။

11 pm

အိမ်ပြန်ရောက်တာနဲ့ အရင်ညတွေလိုပဲ အထီးကျန်မှုတွေကို ခံစားရတယ်။ အခန်းထဲကို ဝင်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်တယ်။ အဝတ်အစားလဲ မလဲချင်တော့ဘူး။ ခြေအိတ်လဲ မချွတ်ချင်တော့ဘူး။ ကျန့်ကောဆို အိပ်ရာပေါ်ကို ခြေအိတ်တွေနဲ့ လှဲနေတာ မြင်ရင် သေချာပေါက် စိတ်ဆိုးမှာ။

When you come back Where stories live. Discover now