.4.

6.5K 761 4
                                    

May 20 2019 6 pm.

ဒီနေ့က သူတို့ရဲ့ ချစ်သူသက်တမ်း လေးနှစ်မြောက်လဲ ဖြစ်တယ်။
နောက် ရှောင်ကျန့်ကို ရိပေါ် တရားဝင် လက်ထပ်ခွင့်တောင်းဖို့ပါ ပြင်ဆင်ထားတယ်။

အတိတ်မှာတုန်းကလုပ်ခဲ့သလိုပဲ ရိပေါ် ဒီနေ့အတွက် WangXiao လို့ခေါ်တဲ့ ဆိုင်လေး မှာညစာစားပွဲလေးကို ပြင်ဆင်ထားတယ်။ တစ်ဆိုင်လူံးကို ငှါးထားပြီး အထူး ပြင်ဆင်ထားတယ်။

ဒီဆိုင်လေးက သူတို့အတွက် အရမ်း အဓိပ္ပာယ်ရှိတဲ့ ဆိုင်လေး..။
ရှောင်ကျန့်ကို ရိပေါ် ဒီနေရာမှာစတွေ့တယ်။
ဒီနေရာမှာ ဒိတ်လုပ်ဖို့ တောင်းဆိုခဲ့တယ်။
ခု ဒီနေရာလေးမှာပဲ တစ်သက်လုံးပိုင်ဆိုင်ခွင့်ရဖို့ ခွင့်တောင်းမယ်။

ရိပေါ်က ရှောင်ကျန့်ကိုဆို ပြီးပြည့်စုံတဲ့ အရာတွေကိုပဲ
ပေးချင်တယ်။
ရိပေါ်အတွက်တော့ ရှောင်ကျန့်ရှိတာနဲ့တင် အရာအားလုံးက
ပြီးပြည်စုံတယ်။

ရိပေါ် ဆိုင်လေးထဲက ထွက်ကာ ရှောင်ကျန့်အလာကို စောင့်နေလိုက်တယ်။ အင်္ကျီအိတ်ထဲက လက်စွပ်ဘူးလေးကို ထုတ်ကာ ဖွင့်ကြည့်လိုက်တယ်။ ဘာမှမပါတဲ့ရွှေရောင် လက်စွပ်လေးတွေကို
ကြည့်ရင်း ရိပေါ် ပြုံးလိုက်တယ်။

ဒီနေ့ ရှောင်ကျန့်ကို ရိပေါ် လက်ထပ်ခွင့်တောင်းမယ်။
ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး အတူတူ ကုန်ဆုံးဖြတ်သန်းဖို့ ပြောမယ်။ ရိပေါ်ရဲ့ အပိုင် ဖြစ်ပေးဖို့ ထိုလူသားကို တောင်းဆိုမယ်။

ရိပေါ်လမ်းထိပ်နားက ရှောင်ကျန့်ကို စောင့်နေသည်။
နှုတ်ခမ်းကို ကိုက်ထားရင်း မျက်ရည်တွေက ကျလာပြန်တယ်။

ရက်စက်တယ်လို့မထင်ဘူးလား။
ဒီနေရာမှာ ဒုတိယအကြိမ် ထပ်ရပ်နေရတာ အရက်စက်ဆုံးပဲ..။

ရိပေါ် နှလုံးသားတစ်ခုလုံး ကြေကွဲမတတ်ခံစားနေရတယ်။
မျက်ရည်များကလဲ ပိုလို့တောင်ကျလာနေပြီ။

ဒါ ရိပေါ်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ရိပေါ် ရွေးချယ်လိုက်တဲ့ လမ်းပဲ..။

ရိပေါ် ရပ်နေတဲ့ လမ်းတစ်ဖက်ခြမ်းက မှတ်တိုင်လေးမှာ bus ကားတစ်စီး ဆိုက်တယ်။ ရှောင်ကျန့်က ကားပေါ်ကဆင်းလာပြီး ရိပေါ်ကို မြင်တော့ ပြုံးပြတယ်။ လရောင်အောက်မှာ လင်းလက်နေတဲ့ ကောရဲ့ အပြုံးတွေက အတောက်ပဆုံး..။

When you come back Where stories live. Discover now