.3.

6.4K 721 7
                                    

May 19 2017 1 pm

ရိပေါ်နဲ့ ရှောင်ကျန့်က  ပန်းခြံလေးထဲ ရောက်နေတယ်။
ရှောင်ကျန့်က ဟိုတစ်နေ့က ရိပေါ် ဝယ်ပေးထားတဲ့ Tee ၃ထည်ထဲက တစ်ထည်ကို ဝတ်ထားတယ်။

ရေခဲမုန့်စားနေတဲ့ ရှောင်ကျန့်ကိုငေးကြည့်ရင်း ရိပေါ် မတွေးချင်ဘဲ တွေးနေရတာ ရှိတယ်။
တကယ်တော့ မနက်ဖြန်က D-Day.
ရှင်းရှင်းပြောရရင် မနက်ဖြန်မှာ ကျန့်ကာက accident ဖြစ်ပြီး သူ့ကိုထားသွားတော့မှာ။
နောက်တစ်ခု မနက်ဖြန်က သူတို့ရဲ့ ချစ်သူ သက်တမ်း ၄နှစ်ပြည့်။

ရှောင်ကျန့်သာ ရိပေါ်ဘေးမှာ ရှိမယ်ဆို ရိပေါ် ဘာမဆို လုပ်ရဲတယ်။ လုပ်နိုင်တယ်..။

နောက်တစ်ခါထပ်ပြီး ကောကို ထွက်သွားခွင့် မပေးတော့ဘူး...။

"........'''

ရိပေါ် အတွေးလွန်နေတာနဲ့ ရှောင်ကျန့် ပြောတာက်ို မကြားလိုက်။

" ဟမ် ဘာပြောတာလဲ ကော။ မကြားလိုက်လို့''

" ဟိုမှာ ဗေဒင်ဟောတာ သွားမေးရအောင်လို့ ''

ရှောင်ကျန့် လက်ညှိုး ညွှန်ရာကို ကြည့်တော့ ရွက်ဖျင်တဲလေးတစ်ခု။

"အွန်းး ရတယ် သွားမယ်လေ ''

"အောဟောာာ ဒါကြီးက တကယ်ကို ငါ့ရဲ့ဝမ်ရိပေါ်ကြီး ဟုတ်ပါတယ်နော်။ ဒီကိုကို တောင်းဆိုသမျှကို အရမ်းလိုက်လျောပေးနေတာ။ လူစားထိုးခံထားရတာများလား''

ရှောင်ကျန့်က ရိပေါ် ကို တစ်ပတ်လှည့်ကြည့်ကာ ပြောလာတယ်။

"ဝမ်ရိပေါ်ကြီး ဟုတ်မဟုတ် သိချင်ရင် ညကျ အိပ်ရာထဲမှာ တွေ့မယ်လေ ''

ရိပေါ်က မျက်လုံးတစ်ဖက်မှိတ်ကာ ပြောလိုက်တော့ ရှောင်ကျန့်က

" ကျစ် ညစ်တီးညစ်ပတ်တွေ ''

ဆိုကာ ရွက်ဖျင်တဲလေးဆီ ပြေးသွားတော့တယ်။

.....။

တကယ်ဆို ဒီပန်းခြံလေးကို သူတို့ နေ့တိုင်းနီးပါးရောက်ဖြစ်တယ်။ ဒါမဲ့ ဒီတဲလေးကိုတော့ ပထမဆုံးမြင်ဖူးတာ။

ရှောင်ကျန့်က ခေါင်းလေးငုံကာ တဲလေးထဲဝင်သွားတော့
ကျန်ကောနောက် ရိပေါ်ပါအတူလိုက်ဝင်လိုက်တယ်။

When you come back Where stories live. Discover now