(Chap-28)

1.5K 149 7
                                    

"ဟူး"
လက်နှစ်ဘက်ကိုမိုးပေါ်သို့ဆန့်တန်းကာ
ဆွဲဆွဲငင်ငင်သန်းလိုက်ပြီး
ဖုန်းမှမြည်နေသောalarm ကို ကတင်ပေါ်ကနေလှမ်းကာယူရင်းပိတ်လိုက်သည်

စောင်ကိုဖယ်ပြီးကုတင်ပေါ်မှခြေထောက်ကိုဆင်းကာ ခါးကို လှည့်ပြီး အကျောများကိုဖြေလျှော့ချလိုက်သည်

ပြက္ခဒိန် ကိုမထင်မှတ်ပဲ  မျက်လုံး လေးအစုံမှ မျက်လေုံးရောက်သွားခဲ့လေသည်
"ငါသူနဲ့ပြန်တွေ့ပြီး အလုပ်ဝင်လုပ်တာတောင် နစ်လရှိနေခဲ့ပြီပဲ"
ထိုအတွေးနှင့်အတူနောက် ပျော်စရာမကောင်းသောအတွေးတစ်ခုကပါလိုက်ပါလာခဲ့သည်
"ငါနောက်လဆို ထူးထူးနဲ့လက်ထပ်ရတော့မှာပဲ"

အစကတော့အရင်လကလပ်ထပ်ရန်စဉ်းစားထားပေမဲ့ ကိုကိုစဉ်စားထားသောကြောင့် September သို့ရွှေ့ဆိုင်းလိုက်ကြရသည်
ထိုလတွင် သူ၏အမေဖြစ်သူဒေါ်ရီအေးပါရောက်လာတော့မည်ဖြစ်သဖြင့် ငြင်း၍မရတော့ပေ

စိတ်မပါတစ်ပါလေးဖြင့်ပဲ ဗီရိုလေးကိုအသာဖွင့်ကာ မျက်နှာသုတ်ပုဝါတစ်ထည်ကို ပုခုံးပေါ်သို့တင်လိုက်ပြီး ရေ ချိုးခန်းထဲသို့ဝင်သွား ခဲ့သည်

"ဒေါက်ဒေါက်ဒေါက်"

"ကိုကိုရေ ကိုကို ထပြီး မနက်စာလာစားလေ ဒီနေ့နင်ရုံးသွားရမှာ မဟုတ်လား"

ကိုကိုရေချိုးနေရင်း အသံကိုကြားလိုက်ရတော့
"လာခဲ့မယ် မဟန်နီ ခဏလေးဒီမှာကိုကိုရေချိုးနေလို့နော်"

"အေးအေး မြန်မြန်ချိုး ဒီမှာငါလုပ်ထားတဲ့နန်းကြီးသုပ်တွေ ခြောက်ကုန်တော့မယ်"

ကိုကို အထကဲနေပြန်လှမ်းအော်ကေပြောလိုက်သည်
"ဟုတ်ကဲ့ ဟုတ်ကဲ့ ပြီးရင်လာခဲ့မယ်နော်
ခြောက်နေရင်တော့မစားဘူး ကိုကိုတို့ကအကောင်းမှစားတာဟဲဟဲ"

"ခြောက်နေတာမစား ချင်ရင်မြန်မြန်လာ ဒါပဲ ငါလည်းစာသွားပြရမှာမို့လို့သွားပြီ ဟေ့"

"စောင့်ပါဦးမဟန်နီရယ် ကိုကိုရေချိုးပြီးတာကိုတော့"
"မရဘူးဟေ့ ကလေးတွေကနှစ်ဝက်စာမေးပွဲ အရမ်းနီးနေ့ပြီ ဒါပဲငါသွားတော့မယ်
သံဗန်းကိုသော့ခတ်ပြီးသော့ကို အထဲပစ်ထည့်ခဲ့မယ်"

Internal SkyWhere stories live. Discover now