(2)+Unicode

12.8K 832 18
                                    

မင်းငါ့အပေါ် ခံစားချက်တွေရှိနေတာလား"

မထင်မှတ်ထားတဲ့မေးခွန်းက ရိပေါ်ခေါင်းထဲ ဟာတာတာဖြစ်သွားရစေသည်။
ချွေးစေးများပြန်လာသလို လက်ဖျားများပါအေးလာ၏။

ငါဘာလို့ဒီလိုဖြစ်နေရတာလဲ..ရှောင်းကျန့်အပေါ် ခံစားချက်ဆိုတာ..ဘယ်လိုမျိုးလဲ ကျန့်ကောဘာကိုဆိုလိုတာလဲ။ သူဆိုလိုတာသိသလိုနဲ့ ရိပေါ်ပြန်ဖြေရန်သေချာတိပသောအဖြေမရှိ။ ရင်ထဲကို ဟစ်အော်မေးကြည့်သော အခါ အဖြေသေးသေးလေးက တထောင့်တစ်နေရာကထွက်လာသော်လဲ လျစ်လျူရှုဖို့ဆုံးဖြတ်လိုက်သည်။

"မသိဘူး ကောဘာကိုဆိုလိုတာလဲ"

သိနေတယ် ကျွန်တော်ဝန်မခံချင်ဘူး...

"မင်းမျက်လုံးတွေကတော့ ငါဘာဆိုလိုတာလဲသိနေတယ်"

ကျေးဇူးပြုပြီး ကျွန်တော့်စိတ်ကိုမဖတ်ပါနဲ့....

"ငါ အဖြေကိုမကြားလဲ သိနေရပြီထင်တယ်"

ကောကို မုန်းတယ် ကျွန်တော်ပြောတာပဲနားထောင်ပေးလေ..ပုန်းခိုနေတဲ့ခံစားချက်တွေပြေးပေါက်မရှိအောင် ချောင်ပိတ်မရိုက်ပါနဲ့

"ခင်ဗျားထင်တာတွေ မှားနေပြီ ကျန့်ကော"

ဘယ်ဘက်ကပါးချိုင့်ရေးရေးလေး ပေါ်သည်အထိ နှုတ်ခမ်းလေးကိုအပေါ်တွန့်ကွေးလိုက်တဲ့ကျန့်ကော..။စိတ်ရှုပ်စရာကောင်းတယ် အဲ့ဒီအပြုံးတွေမမြင်ချင်ဘူး။

"ငါဘယ်လိုထင်လဲဆိုတာ မင်းသိတယ်ပေါ့"

"ရှောင်းကျန့်!"

ရှောင်းကျန့်က"ဘာလဲ"ဆိုသည့်သဘောနှင့်မျက်ခုံးကို အပေါ်တဖက်ပင့်တင်ကာ ပြုံးသဲ့သဲ့နှင့် ဝိုင်ကို စိမ်ပြေနပြေသောက်နေသော်လည်း မျက်လုံးများကတော့ ဒေါသထွက်ကာ အနည်းငယ်တုန်ရီနေတဲ့ ရှေ့က ကောင်လေးဆီ စူးစူးစိုက်စိုက်။

အမှန်တော့ ဒေါသထွက်သလိုနဲ့ ကြောက်နေတာ ဒီကောင်လေး။ ဘာလဲ မင်းငါ့အကြည့်တွေတောင် မခံနိုင်ရတော့လောက်အောင် မျက်နှာလွှဲပြီး ရင်ထဲက အရာတွေကို ဖုံးကွယ်မယ်ပေါ့ မရဘူးကောင်လေး..။ နောက်ကျသွားခဲ့ပြီ ငါအရင်ထဲကသိတယ်။

The Devil Hides Behind his Smile (Yizhan)Where stories live. Discover now