(4)Unicode added

10.7K 646 14
                                    

"Shit...ဘာတွေဒီလောက်တောင်ကြာနေတာလဲ"

တံခါးဖွင့်ပြီးအဝင် ဆောင့်ဆွဲခံလိုက်ရသောကြောင့် သကောင့်သားရင်ခွင်ထဲ ရှောင်းကျန့်တန်းတန်းမက်မက်ရောက်သွား၏။..

ဆောင်းဝင်ခါပြီမို့ အေးနေသဖြင့် အပြင်ကလာတဲ့ရှောင်းကျန့် ပါးလေးနဲ့ နှာခေါင်းဖျားလေး ရဲတွတ်နေသည်။ ရိပေါ် ရင်ခွင်ထဲက လူကြီးကို တချက်ကြည့်လိုက်ပြီး ပါးလေးကိုပွတ်လိုက်တော့ အေးနေရှာတာ။

"ကားတွေကကြပ်နေတာကို ဝမ်လေးရယ်"

ပင်ပန်းတဲ့အရိပ်အယောင်နဲ့ မျက်လုံးရွှမ်းရွှမ်းလေးတွေကနီလို့ သူဖတ်ထားတဲ့ရင်ခွင်ထဲကနေ ပြုံးပြနေတာ.. အားမရှိလို့ပျော့ခွေနေတယ်လို့လဲခံစားရတယ်။

ပင်ပန်းရင်လဲ နားတာမဟုတ်ဖူး လာနေသေးတယ်..

လာရင် အသေ fuckခံရမှာသိသားနဲ့။

"လာတော့လဲ နွေးနွေးထွေးထွေးဝတ်မလာဘူး..အပြင်မှာအေးနေတာလေ paddingလေးတော့ဝတ်ခဲ့ပေါ့..ခင်ဗျားကားက heaterပျက်နေတာလား"

ရှောင်းကျန့်ရိပေါ်ဆွဲခေါ်လာတဲ့အတိုင်း အနောက်ကငြိမ်ငြိမ်လေးလိုက်လာတယ် ..သူ့လက်လေးကို ဆုပ်ကိုင်ပြီး အာငွေ့ပေးနေတဲ့ကောင်လေးရဲ့ မျက်ခုံးတွေက အလိုမကျခြင်းကြောင့် အနည်းငယ်တွန့်နေတယ်..မီးရောင်အောက်မှာတော့ မိတ်ကပ်မပါတာတောင် ချောမောဆဲပဲ။

တစုံတစ်ယောက်ရဲ့ကိုယ့် အပေါ် ဂရုစိုက်မှုတွေကိုမရတာကြာတော့ နေရခက်နေမိတယ်..။

ရိပေါ်ရဲ့အိပ်ခန်းက အတန်ငယိရှုပ်ပွနေတယ်။ တစ်ရှူးတွေလဲ ဟိုတစ ဒီတစ.. ။ရင်းနှီးနေတဲ့ အနံ့စို့စို့က နှာခေါင်းထဲဖြတ်ပြေးသွားသည်။

ဘယ်လောက်တောင် အာသာဖြေထားလို့ အနံ့တွေပါမွှန်နေရတာလဲ!

"အာ့အင်္ကျီကို ချွတ်!"

သိသားပဲ...ဒါပဲလိုချင်နေခဲ့တာမလား။ ငါ့ကိုဂရုစိုက်လို့ ပေးရတာတန်တယ်မှတ်လိုက်မယ်

။ရှောင်းကျန့်လက်တွေက ကြယ်သီးတွေဆီဖြည်းဖြည်းချင်းရွေ့လျားလိုက်တယ်။

"ရော်..တုန်တိဘာဝေနဲ့ ...နှင်းစက်တွေနဲ့ရွှဲနေတာ ခင်ဗျားအင်္ကျီတွေက ။ မြန်မြန်ချွတ်..ပြီးရင် ဒါဝတ်လိုက်"

The Devil Hides Behind his Smile (Yizhan)Onde histórias criam vida. Descubra agora