4

3.2K 253 6
                                    

Zawgyi

ပထမဆုံးနိုင်ငံခြားခရီးထွက်ဖူးတာမို့သူစိတ်လှုပ်ရှားမိတာ
အမှန်။လူကြီးနဲ့နေလာတဲ့တလနီးပါးကာလမှာအနည်းငယ်
နေသားကျလာပြီဖြစ်သည်။အရာရာစည်းစနစ်ကျလွန်းသူကြီး
တူတူနေကြည့်တော့လည်းမဆိုးပါဘူး။သူ့စည်ကမ်းနဲ့အညီ
နေနိုင်မယ်ဆိုရင်တော့အဆင်ပြေနိုင်သည်။
ကျွန်တော်လည်းသူနဲ့နေကြည့်မှအတော်ဆင်ခြင်တတ်လာတာ။အရင်ကဆိုအလေးမထားတတ်တဲ့စရိုက်ကနေ
သူမကြိုက်မှာစိုးလို့သတိထားတတ်လာသည်။

"စိတ်လှုပ်ရှားနေတာလား "

"ဟုတ်ကဲ့
ဒါကကျွန်တော့်အတွက်ပထမဆုံးနိုင်ငံခြားခရီးဖြစ်နေလို့.. "

ဟန်မဆောင်တမ်းချက်ချင်းဖြေလာတဲ့ကောင်လေးကကြာလေ
ချစ်ဖို့ကောင်းလာလေလို့ ချန်းယောလ် တွေးမိသည်။လေယာဉ်ပေါ်တက်တည်းကအငြိမ်မနေဟိုကိုင်ကြည့်ဒီကိုင်ကြည့်လုပ်နေတာ။သန့်စင်ခန်းလည်းသွားတာ ၂ ကြိမ်လောက်ရှိနေပြီ။
သူ့အပြောစိတ်လှုပ်ရှားနေလို့ဆိုဘဲ။တကယ့်ကလေး
ဆန်တာ။အစတုန်းကဂျစ်ကန်ကန်ကောင်ဆိုး
လေးထင်ခဲ့တာ။တူတူနေတာတလနီးပါးရလာတော့ချစ်စရာ
အချက်လေးတွေမြင်လာသည်။
အခုလည်းလေယာဉ်ပေါ်ကျွေးသောမုန့်များနင်းကန်စား
အအေးတွေသောက်ပြီးသန့်စင်ခန်းပြေးပြန်ပြီ။
တကယ့်ဟာလေး။

"အခုမှဗိုက်ထဲချောင်သွားတယ် "

ကိုယ့်ဘာကိုအားရပါးရပြောပြီးမှဘေးကလူကြီးသတိရသွား
ကာကြည့်လိုက်တော့သတင်းစာဖတ်နေတာမို့တော်သေးသည်။ငါကလည်းငါဘဲကျွေးသမျှအကုန်စားကာဗိုက်ကယ်
ကာနေရအဆင်မပြေ။ဇာတ်လမ်းအမြန်ရှင်းပြီးမှဘဲ
ဗိုက်ချောင်တော့သည်။

"ဘာမှမကြောက်နဲ့အခုချိန်ကစမင်းမှတ်ထားရမှာက
မင်းက
ရှစ်ရွှင်း ဘဲနော် "

Beijing ကိုခြေစချပြီးဆိုတည်းကပျော်နေတာအနည်းငယ်
ကိုယ်ရှိန်သတ်သွားရသည်။အခုချိန်ကစမိမိသည် ဆယ်ဟွန်း မဟုတ်ဘဲ ရှစ်ရွှင်း အဖြစ်နေထိုင်သွားရမှာမို့အလိမ်မပေါ်
ဖို့ကအရေးကြီးသည်။

အင်မတန်ကြပ်ညှပ်နေသောကားပိတ်စို့မှုကြီးကို ဆယ်ဟွန်း
တွေးမိသည်။သူတို့ Seoul မြို့ထက်တော်တော်လူနေ
ထူထပ်သလိုကားတွေလည်းပိုများတာပါလား။အချိန်အတန်
ကြာမြင့်ပြီးနောက်ရိုးရာအဆောက်အအုံတခုရှေ့သူတို့စီးလာသည့်ကားရပ်လိုက်သည်။
ရိုးရာစတိုင်အပြည့်နဲ့စားသောက်ဆိုင်များလား။
ကြည့်ရတာအိမ်ကိုမသွားခင်သူ့ကိုညစာဝင်ကျွေးတာနဲ့တူသည်။ဒီလူကြီးကကြာလေကြင်နာတတ်တဲ့သူမှန်းသိလေ။

Marriage Life ( ChanHun )Where stories live. Discover now