22

1.9K 231 40
                                    

"ကိုကို"

အိပ်ရာထဲကထဖို့ပြင်နေသောချန်းယောလ်ကိုလက်လှမ်းဆွဲထားသည်။

"ပြောလေ"

"ဒီနေ့ဟွန်းနဲ့တူတူနေပေးပါလား "

ချန်းယောလ်ကိုကြည့်နေသောမျက်ဝန်းလေးကသနားဖွယ်။ဟူး ဒီကောင်လေးနဲ့တော့

"ကိုကိုအလုပ်သွားရမယ်လေ ဟွန်းရယ်
မဖြစ်နိုင်တာမပြောပါနဲ့လား"

ဒါလေးဘဲပြောရသေး
ချက်ချင်းငိုချဖို့ဖြစ်လာသောမျက်ဝန်း
အကြည့်.... ကျစ် ခက်တယ်

"ဟွန်း က... "

စကားလုံးတွေထပ်ထွက်မလာခင်မျက်နှာလေးကိုမော့စေကာနှုတ်ခမ်းလေးကိုဖိကပ်
နမ်းပေးလိုက်သည်။

"ကိုကိုကဂျီကျရင်မချစ်ဘူးဆိုတာ
သိတယ်မလား"

အဲ့လိုသူဆိုပြန်တော့ချက်ချင်းခေါင်းညိတ်ကာစကားနားထောင်သွားရော။

"ဟွန်း ဂျီမကျတော့ပါဘူး
မချစ်ဘဲနဲ့တော့မနေပါနဲ့ကိုကို.... "

ပြိုတော့မယ့်မိုးလိုမျက်နှာလေးကမကောင်းရှာ။ဘယ်တတ်နိုင်မလည်း။အလုပ်မသွားရင်ဖြစ်မလား။ဟူး ခက်တယ်
နှစ်ယောက်စာမဟုတ်ဘူး။နောက်ဆိုလေးယောက်စာရှာရမှာ။အလုပ်မရှိလို့ဖြစ်မလား။
ချန်းယောလ်ကားမောင်းလာရင်မနက်ခင်းကအဖြစ်လေးပြန်မြင်လာသည်။

သူ့ကိုမချစ်မှာတော့အသေကြောက်သား။
စကားနားမထောင်ရင်အဲ့စကားသာပြောလိုက်ချက်ချင်းကိုကို့သဘောဖြစ်သွားတာ။
သူ့အပေါ်အတော်ကြီးချစ်တာ။
အင်း သူလည်းချစ်ပါတယ်။သူ့လောက်တော့
မချစ်နိုင်ပေမယ့်ကိုယ့်ရင်သွေးကိုလွယ်ထား
တော့လည်းသံယောဇဥ်တော့ရှိတယ်။ဒါကိုလည်းအချစ်လို့သတ်မှတ်ရင်အချစ်ဘဲပေါ့။

အချစ်အကြောင်းတွေးရင်ဆွန်းမီအကြောင်း
ချန်ခဲ့လို့မရ။သူမကိုလည်းသူမပြတ်နိုင်။
ရှေ့ခရီးဘယ်လိုဆက်ရမယ်မသိ။ပြတ်ဖို့လုပ်လိုက်သူမကလှမ်းဆွဲထားလိုက်နဲ့သူဘာလုပ်ရမလည်း။

ဆယ်ဟွန်းစိတ်ထဲဒီနေ့တကယ်အဆင်မပြေ။
တခုခုဖြစ်မှာစိုးထိတ်နေမိသည်။အိမ်မက်ကလည်းမကောင်းဘူးလေ။အိမ်မက်ထဲသူကအဝတ်အစားအသစ်တွေဝတ်လို့ပြုံးရီနေတာ။အစောနကအင်တာနက်ကနေအိမ်မက်နိမိတ်လိုဟာမျိုးဝင်ရှာကြည့်လိုက်တာ
အဝတ်အစားသစ်ဝတ်လို့ပြုံးပျော်နေရင်
ထိုလူဟာကျန်းမာရေးချို့ယွင်းမယ်
သို့မဟုတ် ကံဆိုးခြင်းနဲ့ကြုံတတ်တယ်လို့ရေးသားထားတယ်။သူကြောက်တယ်
တခုခုဆိုဗိုက်ထဲကအမြွှာလေးတွေထိခိုက်မှာစိုးမိတယ်။

Marriage Life ( ChanHun )Where stories live. Discover now