24

2K 283 63
                                    


ဆေးရုံကဆင်းလာခဲ့တယ်။ကိုကိုသူ့ကိုကားဌားပေးပြီးပြန်စေတယ်။လိုက်တောင်မပို့တော့ဘူး။ဟုတ်ပါတယ်လေ
ထောက်ထားစရာကလေးတွေလည်းမရှိတော့ဘူး။ရက်အတန်ကြာလူသူမရှိတော့အခန်းထဲလေထုကမလတ်ဆတ်။ဆယ်ဟွန်းပြတင်းတံခါးဖွင့်လိုက်သည်။လိုက်ကာတွေလည်းဖြုတ်ချပြီးလျော်ဖို့စိမ်ထားလိုက်သည်။

ဆရာဝန်ကတော့ချုပ်ရိုးကြောင့်အရမ်းမလှုပ်ရှားဖို့မှာလိုက်တယ်။ဒီတိုင်းမလှုပ်ရှားဘဲ
ခွေလှဲနေပြန်ရင်လည်းကလေးတွေအကြောင်းတွေးပြီးငိုမိမယ်။အလုပ်လေးလုပ်နေရင်စိတ်သက်သာရာရနိုင်ကောင်းပါရဲ့။
နည်းနည်းလှုပ်ရှားလိုက်တာနဲ့ချုပ်ရိုးဆီကနာလာရော။ခဏလောက်လှဲနေပြီးနားလိုက်ရသည်။

လူကငြိမ်သွားတာနဲ့မတွေးချင်တာတွေစိတ်ထဲပြန်ရောက်လာသည်။သူမငိုချင်တော့ဘူး။
ငိုရလွန်းလို့ရင်ဘတ်တွေအောင့်နေပြီ။
ဒါပေမယ့်အလိုလိုစီးကျလာတဲ့မျက်ရည်တွေကဘယ်အချိန်မှခမ်းမှာလည်း။

"ကျစ် ဒါကဘယ်လိုတွေဖြစ်နေတာလဲ
တအိမ်လုံးရှုပ်ယှက်ခတ်နေတာ
မင်းချုပ်ရိုးကျက်သေးလို့လား
ငြိမ်ငြိမ်လေးနေရမှာကို.... xxxx.... "

ကိုကိုပြန်လာတာကျွန်တော်မသိလိုက်ဘူး။
ဘယ်သိမလည်းစိတ်မှမကပ်တာ။
ဒီတိုင်းကိုကိုသိမ်းဆည်းနေတာတွေကိုထိုင်ကြည့်နေမိတယ်။စကားလည်းပြန်ပြောချင်စိတ်မရှိဘူး။ခဏလေးအတွင်းအခန်းလေး
သန့်ရှင်းသွားတယ်။ကျွန်တော်ကတော့ခုနအတိုင်းရှိမြဲ။

ကိုကိုကျွန်တော်ရှေ့ကနေခေါက်တုံ့ခေါက်ပြန်လျောက်ကာအလုပ်တွေရှုပ်နေတာ။ကျွန်တော်လည်းကူပေးချင်တယ်။ဗိုက်ကအရမ်းနာနေသလိုလှုပ်ရှားဖို့လည်းအားမရှိဘူး။

"ဟွန်း ကိုယ့်ကိုကြည့်ပါအုံး "

ချန်းယောလ် ကိုမော့ကြည့်သောမျက်ဝန်းအစုံသည်မို့အစ်လို့မျက်ဝန်းတွေပိတ်လုနီးပါး။

"ကလေးလေးတွေက ဟွန်း ဝမ်းနည်းနေတာ
စိတ်ကောင်းပါ့မလား ၊ တိတ်တော့နော် "

ရင်ခွင်ထဲဆွဲသွင်းဖက်ထားပြီးငိုနေသူလေးကိုနှစ်သိမ့်ပေးတော့ငြိမ်သက်နေလေသည်။
ကျွန်တော့်စကားကိုဆုံးအောင်နားမထောင်ဘဲ
ဆေးရုံကနေပြန်နှင့်တယ်။ကျွန်တော်လိုက်လာပေလို့ဘဲတအိမ်လုံးကိုရှုပ်ပွထားပြီးကြမ်းပြင်ပေါ်ခွေခွေလေးလှဲနေတာ။ပွေ့ချီကာ
ကုတင်ပေါ်သွားချပေးတော့လည်းခဏပါဘဲ
ပြန်ထွက်လာပြီးကြောင်တောင်တောင်ပုံလေး
နဲ့ထိုင်နေလေသည်။

Marriage Life ( ChanHun )Where stories live. Discover now