နှုတ်​ဆက်​ဖို့ဆိုတာ ဘယ်​တုန်းကမှ လွယ်​ကူမနေခဲ့ဘူး

2.4K 350 4
                                    

နှုတ်​ဆက်​ဖို့ဆိုတာ ဘယ်​တုန်းကမှ လွယ်​ကူမနေခဲ့ဘူး. . .

_____________________________

အခန်း (၂)
~~~~~~~~

ကျွန်​မ သူ့ပစ္စည်းတွေ သိမ်းဆည်းပေးဖို့ အိပ်​ခန်းထဲ ပြန်​ဝင်​လိုက်​သည်​။

အဝတ်​ဗီရိုကို ဖွင့်​လိုက်​တော့ ကျွန်​မ ဝယ်​ပေးထားသည့်​ သူ့ကုတ်​အကျ င်္ီကို အရင်​မြင်​ရသည်​။ ထိုစဉ်​တုန်းက ကျွန်​မတို့ စတွဲနေစဉ်​ပေါ့။ ဒီကုတ်​၏ နို့နှစ်​ရောင်​ဖျော့ဖျော့နှင့်​ ချုပ်​သားအဆက်​က သူ့ကိုယ်​ပေါ်မှာ ကြည့်​ကောင်းနေမည်​မှန်း ဆိုင်​မှာ အလှပြတာမြင်​ကတည်းက ကျွန်​မ သိသည်​။ ကျွန်​မ ထိုကုတ်​ကို ဝယ်​လိုက်​တော့ တစ်​လစာ လခ ကုန်​သလောက်​ဖြစ်​သွားခဲ့သည်​။ သူ ဒီကုတ်​အကျ င်္ီ ဝတ်​လိုက်​တိုင်း စင်​မြင့်​ထက်​မှာ မီးမောင်းထိုးပြထားသလိုပင်​။ သူ့ကို ထိုသို့ ထင်​ထင်​ပေါ်ပေါ်ရှိနေသည်​ကို မြင်​မိတိုင်း တစ်​ချိန်​ချိန်​မှာ သူ လျှမ်းလျှမ်းတောက်​ အောင်​မြင်​လာမည်​ကို ကျွန်​မ သိခဲ့ပါသည်​။ 

သူ့လို ယောက်ျားတစ်​ယောက်​က ပိုင်​ရှင်​ရှိသူ အိမ်​ထောင်​ဦးစီးနေရာရောက်​နေပြီဆိုသော အတွေးမျိုးက မတွေးရက်​နိုင်​စရာကောင်းလွန်းသည်​။ သူ့ ပရိသတ်​များ ခံစားချက်​ကို ကျွန်​မ နားလည်​ပေးနိုင်​သည်​။ သူ့ပရိသတ်​များ ကျွန်​မအပေါ်ထားသည့်​ အမုန်းကို နားလည်​သယောင်​ယောင်​ ရှိလာသည်​။ သူတို့အပြောအရ 'နှမြောစရာ မတန်​မရာ' ဖြစ်​သွားခဲ့သည်​ကိုး။

သူ ဝတ်​လေ့ ဝတ်​ထရှိသည့်​ အဝတ်​အစားများ အားလုံး ထုတ်​ကာ ခေါက်​ထားလိုက်​သည်။ TV ဇာတ်​လမ်းတွဲများတွင်​တော့ ခင်​ပွန်းလင်​က အိမ်​က ဆင်းသွားမည်​ဆိုပါလျင်​ ဇနီးမယားက ဆွဲတားထားပြီး ထွက်​မသွားဖို့ တောင်းပန်​ခယတတ်​သည်​။ ဒါပေမယ့်​ ကျွန်​မကတော့ သူ့အဖို့ အဝတ်​အစားအိတ်​ပါ ပြင်​ပေးနေခဲ့သည်​။ အမေသာ ကျွန်​မ လုပ်​ရပ်​တွေကို တွေ့လျင်​ ဒေါသ ငယ်​ထိပ်​တက်​ဆောင့်​မည်​လား။ အမေက အမြဲခေါင်းမော့ရင်​ကော့ပြီး နေလာခဲ့သူ။ သူမ သမီး ဤမျှ နှိမ့်​ချနေသည်​ကို တွေ့လျင်​ သူမ ဒေါသထွက်​လွန်း၍ လျှာပင်​ကိုက်​မိလောက်​သည်​လေ။

လမ်းခွဲခြင်း မှတ်စုWhere stories live. Discover now