လမ်းခွဲခြင်းမှတ်​စု (စ/ဆုံး)

2.7K 280 71
                                    

#လမ်းခွဲခြင်းမှတ်​စု (Translation of chinese novel Turning back Time)
___

အမေက ဖုန်းထဲကနေ အသားကုန်​ခြစ်​အော်​လာသည်​။ "ဘာရယ်​...? ကွဲတော့မယ်​...? ဘာလို့လဲ..."

ကျွန်​မ မျက်​မှောင်​ကျုတ်​လိုက်​မိသည်​။ နားပါ အူသည်။ လက်​ကလည်း ဖုန်းကို အလိုလို နားမှ ခွာမိလျက်​သား။

ကွာရှင်းဖို့ဆိုတာ နှစ်​ဦးနှစ်​ဖက်​ သဘောသာ ဖြစ်​သည်​။ နှစ်​ဦးသားကြားက အိမ်​ထောင်​ရေးဖြစ်​ပေလျက်​ ကွာရှင်းပြီဆိုလျင်​တော့ အခြားသူများ၏ မေးမြန်းစူးစမ်းခြင်းကို တရစပ်​ ရင်​ဆိုင်​ကြရတော့ပြန်​သည်။

"အမေ... သမီးတို့ ဒီနေ့ပဲ လက်​မှတ်​ထိုးပြီးသွားပြီ... အမေ ကန့်​ကွက်​လို့လည်း မရတော့ဘူး..." ကျွန်​မ ပြန်​ပြောဖြစ်​သည်​။

အမေက ဆက်​၍ မေးစမ်းပြန်​သည်​။ "ဘယ်​သူဘက်​က စကွာချင်​တာလဲ"

ကျွန်​မ ပြန်​ဖြေခဲ့သည်​။ "သမီးပါ အမေ... သမီး တခြားတစ်​ယောက်​ကို ချစ်​မိလို့..."

အမေကတော့ ကျွန်​မပြောတာကို မယုံပါဘူး။ "နင်​က ငါ့သမီးပဲ... နင်​ ဘယ်​လိုလူလဲ ငါ သိတာပေါ့...!"

သူမ စကားကြားတော့ ကျွန်​မ ရယ်​မိသည်။ အကြောင်းက ကျွန်​မကိုယ်​တိုင်​တောင်​ ကျွန်​မ ဘယ်​လိုလူစားမှန်း မသိသောကြောင့်​။ "အမေ စိတ်​မပူပါနဲ့... အခုခေတ်​မှာ ကွာရှင်းနေကြတဲ့ အိမ်​ထောင်​တွေမှ အများကြီး၊ သမီးတို့က သူတို့တွေလို သူလို ကိုယ်​လိုပါပဲ..."

အမေက တုန့်​ပြန်​သည်​။ "ဒါပေမယ့်​ ဒီလောကကြီးမှာ သက်​ဆုံးတိုင်​ အတူ မခွဲ၊ တွဲလက်​မြဲတဲ့ လင်​မယားတွေလည်း ထုနဲ့ ဒေးပဲ... သမီးကရော ဘာလို့ သူတို့လို သူလို ကိုယ်​လို မဖြစ်​ရတာလဲ သမီးရယ်​..."

ကျွန်​မ နွမ်းလျ ဖျော့တော့စွာ ပြုံးရင်းက အမေ့အပြောကို ပြန်​ဖြေဖြစ်​ခဲ့သည်​ထင်​ရဲ့။ "သမီးတို့ အဲ့ဒီလင်​မယားတွေလို တွဲလက်​မြဲစေမယ့်​ ​ပညာတွေ မတတ်​ခဲ့လို့ ဖြစ်​မှာပေါ့..."

အမေ သက်​ပြင်းချလိုက်​သံ ကြားရသည်​။ "တန်းရှင်း... တန်းရှင်းရယ်​ အမေတို့ သမီးကို နာမည်​ပေးမှားခဲ့တာပဲ... အမြဲစိုးရိမ်​စရာ ဖြစ်​ရတယ်​..."

လမ်းခွဲခြင်း မှတ်စုWhere stories live. Discover now